Main menu

မအူပင် အရှေ့ဘက်ကမ်း အရှေ့ပိုင်းတွင် စိုက်ပျိုးလျက်ရှိသော ပန်းဂေါ်ဖီပွင့် စိုက်ပျိုးထွက်ရှိ တောင်သူစီးပွားဖြစ်

Powered by Drupal

              မအူပင်မြို့သည် ရေခံ၊ မြေခံ၊ ကောင်းသဖြင့် လယ်ယာ၊ ကိုင်း၊ မွေးမြူရေး လုပ်ငန်းများဖြင့် စိုက်ပျိုးထွက်ရှိမှုများကို ပြည်ပတင်ပို့သည့်အထိ လုပ်ကိုင်ဆောင်ရွက် လျက်ရှိ သည်။ မအူပင်အနေဖြင့် ဟင်းသီးဟင်းရွက်စိုက်ဧက ၁၄၃၆၅ ဧက စိုက်ပျိုးကြောင်းသိရသည်။ စိုက်ပျိုးမျု အနေဖြင့် ပြောင်းဖူး၊ မုန်လာ၊ ဗူးသီး၊ ဗုံလုံသီး၊ သခွား၊ ငရုတ်၊ ကိုင်းခရမ်းချဉ်သီး၊ ခရမ်းကျွတ်သီး၊ ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ပန်းမျိုးစုံ၊ အုန်းသီး၊ ကွမ်းသီး၊ ငှက်ပျော၊ သင်္ဘောသီး၊ မာလကာသီး စသည်ဖြင့် စိုက်ပျိုးကြောင်း သိရသည်။

             မအူပင် အရှေ့ဘက်ကမ်း အရှေ့ပိုင်းရွာတွင် ပန်းဂေါ်ဖီ စိုက်ပျိုးသူ ဦးသောင်းထွန်မှ စိုက်ပျိုးထွက်ရှိ မှုအခြေအနေကို ရှင်းလင်းပြရာ ပန်းဂေါ်ဖီမျိုးကို Royal -900 တံဆိတ်မျိုးကို စိုက်ပျိုးပြီး မျိုး၁ထုတ်ကို ၄၈၀၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြောင်း သိရသည်။ စိုက်ဧက အနေဖြင့် ၁ဧက တစ်ဝက်၏ ဆယ်လန် ၆ခွက် စိုက်ပျိုးထားပြီး မျိုးထုတ်၁ထုတ် အစေ့ ၂၈၀၀ပါ ၃ထုတ်စိုက်ပျိုးသည်။ အပင်ရေ ၈၄၀၀ ပင်စိုက်ပျိုးထားသော်လည်း ၇၅၀၀ ပင်သာ ထွက်ရှိသည်။ ၂၀၂၄ခုနှစ် ၉လပိုင်းတွင် စတင်စိုက်ပျိုးပြီး  ၁လခွဲအကြာတွင် စတင်ထွက်ရှိသည်။ ၂၀၂၅ခုနှစ် ၁လပိုင်း မှာ ပိုမိုထွက်ရှိလာပြီး ၁နေ့ခူးလျှင် ၁၀၀ပွင့်ခန့်ရရှိသည်။ ၁လအတွင်း ဂေါ်ဖီပွင့်များ အပြီးသတ်ခူးကြောင်း သိရသည်။ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ၆၀၀၀၀၀ကျပ် ကုန်ကျကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

            ဈေးနှုန်း အနေဖြင့် ဂေါ်ဖီ ၁ပွင့် ၁၅၀၀ ကျပ် ဖြင့်ရောင်းချပြီး ရန်ကုန်တင်ပါက ၈၀၀-၁၀၀၀ကျပ် သာဈေးရသည်။ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၆၉၀၀၀၀၀ ခန့် အကျိူးအမြတ် ရရှိသည်။ ပန်းဂေါ်ဖီသည် အကျိုးအမြတ်များ ရရှိသောကြောင့် စီးပွားဖြစ် စိုက်ပျိုးသင့်သော ဟင်းသီးဟင်းရွက်ပင်ဖြစ်ကြောင်း စိုက်ပျိုးသူဦးသောင်းထွန်းမှ ရှင်းလင်းပြောပြခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)