![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/128_16.jpg?itok=QlautU5T)
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
မော်လမြိုင်မြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၈၂၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၄၆၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၂၄၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၃၁၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခင် ဇန်နဝါရီလ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၉၀၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၅၇၅) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၂၇၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၃၅၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် ဇန်နဝါရီလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုဖေဖော်ဝါရီလ (ဒုတိယပတ်) တွင် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၈၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၁၁၅) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၄၀) ကျပ် ဈေးနှုန်းအသီးသီး အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။
DOCA(မွန်)