Main menu

မက္ကဒေးမီးယားအသင့်စားအစေ့စျေးနှုန်းစျေးကွက်

Powered by Drupal

           မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့်သစ်သီးဝလံများအနက် ကော်ဖီ၊ ထောပတ်၊ မက်မန်း၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ လိုက်ချီးသီး၊ လေချူသီး၊ ပိန္နဲသီးနှင့် မက္ကဒေးမီးယားသစ်သီးတို့မှာ ပြင်ဦးလွင်ဒေသထွက်ထုတ်ကုန်အဖြစ်ထင်ရှားသော သစ်သီးများဖြစ် ကြောင်း သိရပါတယ်။ မက္ကဒေးမီးယားသီးနှံမှာ   မန္တလေးတိုင်းဒေသကြီးအတွင်း One Region One Product အမယ်တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ မက္ကဒေးမီးယားအစေ့ စားသုံးခြင်းဖြင့် သွေးတွင်း အဆီဓာတ်များကို လျော့ချပေးခြင်း၊ နှလုံးရောဂါဖြစ်ပေါ်နိုင်မှုကို လျော့ချပေးခြင်း၊ Antioxidants  များစွာပါဝင်သည့်အတွက်  ကင်ဆာဖြစ်ပွားမှုကိုလျော့ချ၍ ကိုယ်ခုခံအားကို မြှင့်တင်ပေးခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိကြောင်း သိရပါတယ်။ ပြည်တွင်း၌ မက္ကဒေးမီးယားအသီး အစေ့အား အခြောက်ခံခြင်း၊အစေ့လှော်ခြင်း၊ကွက်ကီးမုန့်များ၊ချောကလက်မုန့်ချိုများ၊ရေခဲမုန့်များ၊ စားသောက် ကုန်မျိုးမျိုးတို့တွင် ထည့်သွင်းအသုံးပြုကြောင်း သိရပါတယ်။ ပြင်ဦးလွင်ဒေသထွက် မက္ကဒေးမီးယား အသီးအား  မန္တလေးစျေးကွက်အတွင်း အသီးအတိုင်း ရောင်းချခြင်း၊ စျေးဆိုင်များနှင့်စူပါမားကတ် များတွင် အစေ့များအား အိတ်ငယ်များ၊ ဘူးများဖြင့် ထုပ်ပိုး၍  တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ရောင်းချ ကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်တွင် မန္တလေးစျေးကွက်အတွင်း ဖြစ်ပေါ် သည့်ပေါက်စျေးအနေဖြင့်  မက္ကဒေးမီးယား အသီးပေါက်စျေးတစ်ပြည်လျှင် ၂၂၀၀၀ ကျပ်နှင့် ၂၅၀၀၀ ကျပ်၊မက္ကဒေးမီးယားအစေ့အား အိတ်ငယ်များ၊ဘူးများဖြင့် ထည့်သွင်း၍ အသင့်စားအစေ့  100 g လျှင် ၆၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိပြီး အရောင်းသွက်သည့်ကုန်စည်ဖြစ် ကြောင်း သိရပါတယ်။  ပြင်ဦးလွင်ဒေသမှ ထွက်ရှိသည့် မက္ကဒေးမီးယားအသီးမှာ ပြည်တွင်း စားသုံး မှုသာမက ပြည်ပသို့တင်ပို့သည့် ကျန်းမာရေးအထောက်အကူပြု တန်ဖိုးမြှင့်အစေ့ စားသောက်ကုန် အမယ်တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)