
မန္တလေးဈေးကွက်အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ကုန်စိမ်းသီးနှံများ အများအပြား ဝင်ရောက်လျှက်ရှိပါသည်။ ကုန်စိမ်းသီးနှံများဖြစ်သော မုန်ညင်း၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဆလပ်ရွက်၊ ခရမ်းသီး၊ ပဲသီး၊ ရုံးပတီသီး စသည့် သီးနှံမျိုးစုံရှိသည့် အနက် ခရမ်းသီးသည့် တစ်နှစ်ပတ်လုံးထွက်ပေါ်တက်သော သီးနှံဖြစ်သည်။ ခရမ်းသီးတွင် အစိမ်းရောင်၊ ခရမ်းရောင်၊ အဖြူရောင် ဟူ၍ အရောင်ကွဲပြားသလို ခရမ်းသီးလုံးကြီးအဝိုင်းမျိုး အရှည်မျိုး၊ အလုံးသေး အရှည်မျိုး၊ ခရမ်းကြွပ်သီးဟူ၍လည်း ကွဲပြားပါသည်။ ခရမ်းကြွပ်သီးကို အစိမ်းအတိုင်း အတို့အမြှပ် လုပ်၍သော်လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း စားသုံးကြသည်။ ခရမ်းသီးလုံးကြီး အရှည်မျိုးကို ခရမ်းသီးမီးဖုတ်၍ သုပ်စားကြသည်။ မုန့်အနစ်ဖြင့်ကပ်၍လည်း ခရမ်းသီးကြော် ပြုလုပ်၍ ရောင်းချစားသောက်ကြသည်။ ထမင်းစားမြိန်သော ဟင်းလျာတစ်မျိုးဖြစ်သည်။ ဈေးကွက် အတွင်း၌ ခရမ်းသီးလုံးကြီး အဝိုင်းမျိုး တစ်ပိဿာလျှင် ၁၈၀၀/၂၀၀၀ ကျပ်၊ ခရမ်းသီးအလုံးသေး မျိုးတစ်ပိဿာလျှင် ၁၄၀၀/၁၆၀၀ကျပ်၊ ခရမ်းကြွပ်သီး တစ်ပိဿာလျှင် ၁၆၀၀/၁၈၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ကုန်စိမ်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)