Main menu

ငှက်ပျောဈေးကွက်

Powered by Drupal

          မန္တလေးမြို့တွင်းသို့ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးနှင့် မတ္တရာနယ်များမှ ဖီး ကြမ်းငှက်ပျော၊ ရခိုင်ငှက်ပျောနှင့် သူငယ်စာငှက်ပျောများ ဝင်ရောက်လျှက်ရှိပါသည်။ ကျောက်ဆည် နယ်ဘက်မှဝင်ရောက်သည့် ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျောများကို ဘုရားပွဲ၊ သာသနာပွဲ များနှင့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာပွဲများအတွက် အသုံးပြုခြင်း၊ စားသုံးခြင်းများအတွက် အသုံးပြုကြပါတယ်။ သူငယ်စာငှက်ပျောကို စားသုံးရန်အတွက် ရောင်းဝယ်မှုရှိကြပါသည်။ ဈေးနှုန်းဈေးကွက်အနေနှင့် ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ရခိုင်ငှက်ပျော တစ်ဖီးလျှင်၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ သူငယ်စာတစ်ဖီးလျှင်၂၀၀၀ကျပ်နှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ဖီးကြမ်းငှက်ပျောအမှည့်များကို မုန့်လုပ်ငန်းဖြစ်သည့် ငှက်ပျောကြော်၊ ငှက်ပျောပေါင်း၊ ငှက်ပျောပူတင်းတို့အတွက် ရောင်းဝယ်မှုရှိပါတယ်။ ငှက်ပျောအမှည့်များကို တစ်ဖီးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်များနှင့်ရောင်းဝယ်မှုရှိကြောင်း ဈေးကွက်အတွင်း ငှက်ပျောရောင်းဝယ်မှု အနေနှင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)