Main menu

အာလူးဈေးကွက်အရောင်းသွတ်

Powered by Drupal

          မန္တလေးမြို့တွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်း၊ ရပ်စောက်၊ ကလောနှင့် ရွာငံနယ်များမှအာလူးများဝင်ရောက်လျက်ရှိပါသည်၊၊ အာလူးများအနေနှင့်လုံးကြီး၊ လုံးလတ်၊ လုံးသေးများ ဝင်ရောက်လျက်ရှိပြီးအာလူးလုံးကြီးများကို အာလူးကြော်လုပ်ငန်းများတွင် အသုံးပြုမှု များပြီးလုံးလတ်များကိုစားသုံးမှုအတွက်အသုံးပြုကြောင်း၊ လုံးသေးများကိုအကြော်စုံသမားများမှ အာလူးလုံးကြော်အတွက်အသုံးပြုခြင်း၊ အာလူးထမင်းအတွက်အသုံးပြုခြင်းများရှိကြောင်းသိရ ပါသည်။

ယခုတစ်ပတ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းဈေးကွက်အနေနှင့်အာလူးလုံးကြီး ၁ ပိသာ ၅၅၀၀ ကျပ်မှ ၆၀၀၀ကျပ်၊ လုံးလတ် ၁ ပိသာလျှင် ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ လုံးသေး ၁ ပိသာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ကျပ်တို့နှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်း မန္တလေးမြို့ပွဲရုံများမှအနီးဝန်းကျင်မြို့များသို့ ကုန်စည် စီးဆင်းမှုရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)