Main menu

ဘားအံမြို့ မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

ဘားအံမြို့ ၁၁ ဖေဖော်ဝါရီ

          ဘားအံမြို့၊ မြို့မဈေးတွင် ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မြဝတီမြို့ရှိ သစ်သီးဝလံပွဲရုံများမှ  အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လ ဒုတိယအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်း များမှာ နဂါးမောက်သီး တစ်လုံးလျှင် (၄,၀၀၀)ကျပ်ထိ၊ စပျစ်သီးအစေ့လွတ် တစ်ပိဿာလျှင် (၃,၅၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) တစ်လုံးလျှင် (၇၀၀/ ၁,၀၀၀)ကျပ်၊ ပန်းသီး (ယိုးဒယား) တစ်လုံးလျှင် (၁,၅၀၀)ကျပ်၊ ပန်းသစ်တော် တစ်လုံးလျှင် (၃,၀၀၀)ကျပ်၊ သရက်သီး တစ်လုံးလျှင် (၂,၀၀၀)ကျပ်၊ မာလကာသီး တစ်လုံးလျှင် (၁,၀၀၀)ကျပ်၊ ဆန်းကစ်သီး  တစ်လုံးလျှင် (၃,၀၀၀)ကျပ်၊ ဖီးကြမ်း ဌက်ပျောသီးတစ်ဖီးလျှင် (၆,၀၀၀)ကျပ်၊ သီးမွှေးဌက်ပျော်သီး တစ်ဖီးလျှင် (၈,၀၀၀)ကျပ်၊ ဩဇာသီး တစ်လုံးလျှင် (၁,၅၀၀)ကျပ်၊ ဖရဲသီး တစ်လုံးလျှင် (၅,၀၀၀)ကျပ်၊ နာနတ်သီး တစ်လုံးလျှင် (၅,၀၀၀) ကျပ်၊ သခွားမွှေးသီး တစ်လုံးလျှင် (၃,၀၀၀)ကျပ်၊ ထောပတ်သီး တစ်လုံးလျှင် (၂,၀၀၀)ကျပ် တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင် များထံမှ သိရှိရပါသည်။

DOCA(ကရင်)