Main menu

ဘားအံမြို့ပေါ်ရှိ ကြက်ဥ၊ ဘဲဥ ဈေးနှုန်းအခြေအနေ

Powered by Drupal

ဘားအံမြို့၊ ဖေဖော်ဝါရီ ၁၁

          ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်စံပြဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့် ငုံးဥများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့် ငုံးဥများ အရောင်းဝယ်ရာတွင် အရွယ်အစားလိုက်၍ ရောင်းချကြပြီး ဈေးနှုန်းများအနေဖြင့် ကြက်ဥအလုံးကြီး တစ်လုံးလျှင် (၄၅၀)ကျပ်၊ ကြက်ဥ အလုံးသေး တစ်လုံးလျှင် (၄၂၀)ကျပ် တို့ဖြင့်လည်းကောင်း၊ ဘဲဥ အလုံးကြီး တစ်လုံးလျှင် (၆၀၀)ကျပ်၊ ဘဲဥ အလုံးသေး တစ်လုံးလျှင် (၅၀၀)ကျပ်၊ ဆေးဘဲဥ တစ်လုံးလျှင် (၁,၅၀၀)ကျပ်၊ ဆားဘဲဥ တစ်လုံးလျှင် (၁,၀၀၀)ကျပ်တို့ဖြင့် လည်းကောင်း၊ ငုံးဥ ၁၀ လုံး လျှင် (၁,၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          အပတ်စဉ်ဈေးနှုန်းသုံးသပ်ချက်များအရ ဇန်နဝါရီလ ပဉ္စမပတ်နှင့် ဖေဖော်ဝါရီလ ဒုတိယအပတ် တွင်လည်း ကြက်ဥ၊ဘဲဥ ဈေးနှုန်းမှပြောင်းလဲခြင်းမရှိပဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များမှ သိရှိရသည်။

DOCA(ကရင်)