Main menu

ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၌ ဖေဖော်ဝါရီ(ပထမပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာစသည့်ဒေသများတွင် မိုးစိုက်(ဥစိုက်)ကြက်သွန်နီများကို စိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်းမြို့၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှ ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများသည် ယခင်တပတ်ထက် ကျဆင်း၍ အရောင်းအဝယ်ဖြစ်နေပြီး တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၁၅၀၀၀) မှ (၂၀၀၀၀)ထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်သို့ ယခင်အပတ်ထက် ကုန်ဝင်ရောက်မှုနည်းလာကြောင်း သိရသည်။

            ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ အရောင်းအဝယ် ဖြစ်ခဲ့သော  ဈေးနှုန်းမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလတ် ကျပ်(၂၃၀၀)၊ အနိမ့်စ ကျပ် (၂၀၀၀)ဖြစ်ပြီး ယခင်ဇန်နဝါရီလ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သောဈေးနှုန်းမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အလတ်စ ကျပ်(၁၈၀၀)၊ အနိမ့်စ ကျပ်(၁၅၀၀)တို့ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ပြီး တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၂၀၀)ခန့် ဈေးအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ တစ်ပတ်အတွင်း ကုန်ချိန်မှာ ပိဿာချိန်(၁၀၀၀၀၀)ကျော်အရောင်းအဝယ်ဖြစ်ပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့ နေစဉ်တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီလက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၇၀၀) မှ အနိမ့်ဈေး ကျပ်(၁၇၀၀)ထိ အရောင်းအဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)