Main menu

ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်နေသော နှင်းဆီပန်း ဈေးနှုန်းအခြေအနေ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေများကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

          နှင်းဆီပန်းသည် ပန်မန်စိုက်ပျိုးရေးတွင် လူကြိုက်များသော ပန်းတစ်မျိုးဖြစ်သည်။ အခြားပန်း များနှင့်မတူ ရာသီအရွေးထွက်ရှိသော ပန်းတစ်မျိုးဖြစ်သည့်အတွက် နေရာအနှံအပြားတွင် အရောင် အဆင်း အစုံလင်စိုက်ပျိုးကြကြောင်းတွေ့ရှိရပါသည်။ နှင်းဆီပန်းသည် ဘုရားပန်းကပ်လှူပူဇော်ယုံ သာမက နေအိမ်၊ ဈေးဆိုင်များတွင် အလှပန်းအိုးထိုးခြင်း၊ တရားဓမ္မသဘင်ပွဲများတွင် အလှပန်း ထိုးခြင်း များ၊ အမေများနေ့ ချစ်သူများနေ့ နေ့ထူးနေ့မြတ်များတွင် လက်ဆောင်ပန်းစည်းများပြုလုပ်ခြင်းများ စသည် တို့အသုံးပြုကြပါသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် နှင်းဆီပန်း ဈေးနှုန်းဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၅၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်)တစ်ပွင့်လျှင်(၃၅၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး)တစ်ပွင့်လျှင်(၃၀၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မစည်ပင်သာယာ ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)