Main menu

ကန့်ဘလူမြို့ မြို့မဈေးတွင် ရောင်းချနေသော ပျားရည်ဈေးနှုန်း

Powered by Drupal

           ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိ သလို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ် လက်စားသမားလေးများလည်းရှိပါသည်။ ထိုလက်လုပ်လက်စားလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည်နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက်နှင့် ပျားရည်ကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြပါသည်။

             ပျားရည်သည် ဆေးဘက်ဝင်သော အရာတစ်ခုဖြစ်၍ တနှစ်ပတ်လုံး ဆေးအသုံးပြုရန်အတွက် ကြိုတင်ဝယ်ယူကြသလို ၊ ပျားရည်ကို သောက်သုံးခြင်းဖြင့် အားပြည်သည်ဟု သိရှိရသဖြင့် ရေနှင့် ဖျော်ပြီး သောက်သုံးကြရန်အတွက်လည်း ဝယ်ယူခြင်း၊ မြို့ကြီးပြကြီးတွင် သဘာဝ ပျားရည်အစစ် ရှားသည့်အတွက် မြို့ကြီးပြကြီးရှိ ဌာနပေါင်းစုံလူကြီးများ/ မိတ်ဆွေ အပေါင်းသင်းများကို လက် ဆောင်ပေးရန်အတွက်လည်းဝယ်ယူကြပါသည်။

            ယခု ဖေဖော်ဝါရီလ ဒုတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားရည် ဈေးနှုန်းအနေဖြင့် ပျားရည် တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်နှုန်း၊ ပျားရည်(၄၀)ကျပ်သားဝင် ပုလင်း တစ်လုံးလျှင်(၁၅၀၀၀)ကျပ်၊ ပျားရည်(၂၀)ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၈၀၀၀)ကျပ် နှင့် ပျားရည်(၁၀)ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ပျားရည်ရောင်းချနေသည် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)