![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/180_9.jpg?itok=WGhMnAon)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုး ရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ဒေသတွင်း ကျေးရွာများနှင့် ကန့်ဘလူမြို့၊ ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။
ကန့်ဘလူမြို့ မြို့မဈေးတွင် မိသားစု စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ခါကြက်ဥများကို ရောင်းချလျက်ရှိရာ ခါကြက်ဥ(တရုတ်)နှင့် ခါကြက်ဥ(ဗမာ)ဟူ၍ ခါကြက်ဥ(၂)မျိုးရှိပြီး ယခု လက်ရှိမှာတော့ ခါကြက်ဥ(ဗမာ)ဥကိုတော့ ဒေသတွင်း ထွက်ရှိသည်များကိုသာ ဝယ်ယူရောင်း ချကြပြီး ခါကြက်ဥ(တရုတ်)ကိုတော့ ရှမ်းပြည်နယ်နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချရတာဖြစ်၍ ယခု အချိန်တွင်ဒေသထွက် ခါကြက်ဥပေါချိန်ဖြစ်သည့်အတွက် ခါကြက်ဥ(တရုတ်)ကိုတော့ မှာယူရောင်းချ ခြင်းမရှိကြောင်းနှင့် ခါကြက်ဥကို အသုပ်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကော်ပြန်ဆိုင်များနှင့် အကင်ဆိုင် များမှ အသုံးပြုမှုများပြီး မရှိမဖြစ်အရောင်းအဝယ်ဖြစ်နေသော သီးနှံတစ်မျိုးဖြစ်ပါသည်။
ကန့်ဘလူမြို့မဈေးအတွင်း ဖြစ်ပေါ်နေသော ဒေသထွက် ခါကြက်ဥ ဈေးနှုန်းမှာ ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယ အပတ်တွင် ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ၂၅ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) ဥသေး တစ်ပိဿာ လျှင်(၂၅၀၀)ကျပ် ၂၅ကျပ်သားလျှင်(၇၀၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)