![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_170.jpg?itok=97yoNw0M)
မြင်းခြံမြို့နယ်နေ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူ့သက်သာ ဈေးရောင်းနေ့အား မြင်းခြံမြို့ရှိ မြို့မစည်ပင်သာယာ ဈေး၌ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီ လ (၅)ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် ရောင်းချပေးခဲ့ပါသည်။
အဆိုပါအရောင်းဆိုင်တွင် ဆန်တစ်ပြည်လျှင်(၃၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၄၀၀)ကျပ်၊ ဆိတ်သား(အသားသန့်) တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာ(၈၄၇၀)ကျပ် နှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး ရပ်ကွက်စုံမှ လာရောက်ဝယ်ယူကြကြောင်း ဦးဆောင် ဆောင်ရွက်သူထံမှ သိရပြီး အဆိုပါရောင်းချမှုအစီအစဉ်အား မြင်းခြံမြို့ရှိ မြို့မဈေး၊ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
DOCA(မန္တလေး)