Main menu

ဆေးဘက်ဝင်သမုန်းပွင့်

Powered by Drupal

          သမုန်းပင်သည်ပူပြင်းသောအညာဒေမှာသာ ပေါက်ရောက်သည့် အပင်ကြီးမျိုးဖြစ်ပါသည်။ သမုန်းပင်သည် သဘာဝကပေးသော အလေ့ကျပေါက်ပင်တမျိုးလည်းဖြစ်ပါသည်။ ရှေးယခင် ကတည်းက သမုန်းပင်၏ ဆေးဘက်ဝင်မှုကြောင့်သမားတော်များ မုန်းခဲ့လို့သမားမုန်းပင်ဟု ခေါ်ဆိုကြရာမှ သမုန်းပင်ဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်းသိရှိရပါသည်။ သမုန်းပင်၏အသားသည် သစ်မာပင်ဖြစ်၍ ခုံဖိနပ်လုပ်ရာတွင်အသုံးပြုသည်ဟုလည်း သိရှိရပါသည်။ သမုန်းပင်မှသမုန်းဥသည် ဆေးဘက်ဝင်သည့်အတွက်ကြောင့် မျက်စေ့အောင့်မျက်စေ့နာအတွက် သမုန်းဥသွေးကွင်းလိမ်းပေး ပါက သက်သာပျောက်ကင်းသည်ဟုသိရှိရသည်။ သမုန်းပင်သည် ဆေးဘက်ဝင်အပင်တမျိုး ဖြစ်သလို စားသုံးရန်အတွက်လည်း ဟင်းတခွက်လဲဖြစ်ပါသည်။ အညာဒေသမှာသာပေါက်ရောက်၍ အညာသူအညာသားများကြိုက်နှစ်သက်ကြပါသည်။ သမုန်းဖူးများသည် ဆောင်းအကုန်နွေအကူး တပို့တွဲတပေါင်းလများတွင် သမုန်းရွက်နုထွက်ပါသည်။ သမုန်းရွက်နု၊ သမုန်းဖူးများကို အတို့ အမြုတ်လုပ်၍သော်လည်းကောင်း၊ သုတ်၍သော်လည်းကောင်း စားသုံးပါကခံတွင်းမြိန်စေပါသည်။ အညာဒေသထွက်သမုန်းဖူးများကို ပြုတ်၍ မြို့ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းများလည်း ရှိပါ သည်။ ဒီအချိန်ဒီရာသီမှာသာ ထွက်ပေါ်သောရာသီစာတမျိုးဖြစ်ပြီး ဈေးကွက်အနည်းငယ်ရှိနေ ပါသည်။ ဈေးနုန်းဈေးကွက်အနေဖြင့် သမုန်းဖူးပြုတ် (၁၀)ကျပ်သားလျှင်(၁၅၀၀ ) ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိပါကြောင်း လေ့လာသိရှိရပါသည်။ 

DOCA(မန္တလေး)