Main menu

ကန့်ဘလူမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ဂေါ်ဖီထုတ်(မုံလာထုတ်) ဈေးနှုန်း/ဈေးကွက်

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်(မုံလာထုတ်)ကို စိုက်ပျိုးကာ လှိုင်လှိုင် ထွက်ရှိ ပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ကန့်ဘလူမြို့ မြို့မ ဈေးတွင်စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ဂေါ်ဖီထုတ်(မုံလာထုတ်)များကို ယခင် ကာလများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလဖြစ်သည့်  ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများတွင် ဒေသတွင်းလှိုင်လှိုင်ထွက်ရှိသည့် ဂေါ်ဖီထုတ် (မုံလာထုတ်) များကို သာ ဝယ်ယူရောင်းချလျက်ရှိပြီး ဂေါ်ဖီထုတ် (မုံလာထုတ်)ကို ရာသီးမရွေး အသုံးပြုခြင်း ဖြစ်သည့် အတွက် ရောင်းအားကောင်းလျက်ရှိပါသည်။‌

             ဂေါ်ဖီထုတ် (မုံလာထုတ်) ဈေးနှုန်းမှာ ယခင် ဖေဖော်ဝါရီလ ပထမအပတ်တွင် ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/အသေးပေါ်မူတည်၍ တစ်ထုတ်လျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း ဂေါ်ဖီထုတ် (မုံလာထုတ်)အကြီး/အသေးပေါ်မူတည်၍ တစ်ထုတ်လျှင်(၃၀၀၀/၃၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် ဖေဖော်ဝါရီလ ပထမပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)