Main menu

ကန့်ဘလူမြို့နယ်အတွင်းရှိ ‌ပန်းငရုပ်ပွသီး ဈေးနှုန်း/ ‌ဈေးကွက်

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံမျိုးစုံ ဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းငရုပ်ပွသီးကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။

             ကန့်ဘလူမြို့ မြို့မဈေးတွင် ‌ပန်းငရုပ်ပွသီးကို ရောင်းချလျက်ရှိရာမှ  ‌ပန်းငရုပ်ပွသီးကို လူကြိုက် များ သော်လည်း ဈေးနှုန်းကြီးမြင့်သည့်အတွက် လူတိုင်းဝယ်ယူစားသုံးခြင်းမရှိသော်လည်း ပန်းငရုပ်ပွသီး ကိုအမျိုးမျိုးအသုံးပြုကြပုံမှာ ပန်းငရုပ်ပွသီးကို အစိမ်းကြော်ကြော်စားခြင်း၊ ပန်းငရုပ်ပွသီးကို အပ်မှို၊ ကောက်ရိုးမှိုတို့ဖြင့် ရောကြော်ခြင်း၊ ပန်းငရုပ်ပွသီးကို စားသောက်ဆိုင်များမှ ဟင်းပွဲများတွင် အများဆုံး အသုံးပြုခြင်းဖြစ်သည့်အတွက် ဈေးကြီးသော်လည်း ‌ရောင်ရကြောင်းသိရပါသည်။

         ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ် ကန့်ဘလူမြို့မဈေးအတွင်းရှိ ပန်းငရုပ်ပွသီးဈေးနှုန်းမှာ ပန်းငရုပ်ပွသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)