Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော တိုင်ထောင်သခွားသီး ဈေးနှုန်းအခြေအနေ

Powered by Drupal

            ကန့်ဘလူမြို့သည် စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံ ဖြစ်သည့် တိုင်ထောင်သခွားသီးကိုလည်း စိုက်ပျိုးထားရှိပြီး ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ပို့ဆောင်ကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဒေသထွက် ဘူးတိုင်ထောင်သခွားသီး ဈေးနှုန်းအနေဖြင့် တိုင်ထောင်သခွားသီး အလုံး(အကြီး)တစ်လုံးလျှင်(၇၀၀)ကျပ် နှင့် တိုင်ထောင်သခွားသီး အလုံး(အသေး)တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ် လုပ်နေသူများထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)