
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လက်၊ ဒေးဒရဲ တို့တွင်ရှိသော မွေးမြူရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ဖျာပုံမြို့ အတွင်းရှိ (၁၇)ဈေး၊ ဘိုကလေးမြို့အတွင်းရှိ မြို့မဈေး၊ ကျိုက်လတ်မြို့အတွင်းရှိ အမှတ် (၄) ရပ်ကွက်၊ဗိုလ်ချုပ်လမ်း၊ ဒေးဒရဲမြို့အတွင်းရှိ မြို့မဈေး တို့တွင် နံနက်(၇:၀၀ မှ ၉:၀၀) အချိန် အတွင်းတို့၌ ကြက်ဥတစ်လုံးလျှင်(၃၅၀)ကျပ် နှင့် ဘဲဥ တစ်လုံးလျှင်(၄၅၀) ကျပ်နှုန်းဖြင့် တစ်ဦး လျှင် (၁၀)လုံးဖြင့်လည်းကောင်း၊ ကြက်သား(CP) တစ်ဆယ်သားလျှင်(၁၂၀၀)ကျပ်နှုန်း ဖြင့် တစ်ဦးလျှင်(၂၀) ဆယ်သားနှုန်းဖြင့်လည်းကောင်း ပြင်ပပေါက်ဈေးထက် သက်သောဈေးနှုန်း များ ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)