
ခရမ်းကစော့သီးကို ထားဝယ်ဒေသတွင် ခြမ်းဂျွတ်သီးဟုလူသိများကြသည်။ ကိုက်လိုက်လျှင် တကျွတ်ကျွတ်နှင့် စားလို့ကောင်းသော ခရမ်းကစော့သီးကို မြန်မာဟင်းလျာထဲတွင် အတို့အမြှုပ်အ နေဖြင့် စားသုံးကြသည်။ ခရမ်းကစော့သီးပင်သည် နှစ်ရှည်ခံအပင်တစ်မျိုးဖြစ်ပြီး အမြင့် ၄-၅ပေခန့် ထိရှိကြသည်။ ပင်စည်ရိုးတံမာပြီး အမွှေးများဖြင့်ဖုံးအုပ်ကာ ချွန်ထက်၍ များပြားသော ဆူးများစွာပါ ရှိသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျောက်ပေါက်ရောက်သော အပင်တစ်မျိုးလည်းဖြစ် သည်။ ခရမ်းကစော့သီးများကို ရာသီမရွေးတစ်နှစ်ပတ်လုံး တစ်နိုင်တစ်ပိုင်စိုက် ပျိုးလျက်ရှိသည်။ ထားဝယ်ဒေသတွင် ခရမ်းကစော့သီးကို နို့ဆီခွက်ဖြင့် ချိန်ရောင်းကြပြီး တစ်ဗူးလျှင် (၅၀၀-၆၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)