Main menu

ပြည်မြို့၏မရမ်းသီးဈေးကွက်

Powered by Drupal

              ပြည်မြို့ဈေးကွက်အတွင်း ဖေဖော်ဝါရီလဆန်းပိုင်းတွင် မရမ်းသီးများအနည်းငယ် ရောင်းချ နေကြောင်းတွေ့ရပါသည်။ ပေါ်စတွင် တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် ဈေးသည် တစ်ဦး နှစ်ဦးသာရောင်းချကြောင်း သိရပါသည်။ ဥယျာဉ်မရမ်းသီးဖြစ်ပြီး ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများရှိ ဉယျာဉ်များတွင် စိုက်ပျိုးသောမရမ်းသီးများဖြစ်ပါသည်။ မရမ်းသီးမှာ အရွယ်အစားသေးလျှင် ဈေးကောင်းရ၍ ယခုဖေဖော်ဝါရီဒုတိယပတ်တွင် အသီးများမှာ အရွယ်အစားကြီးလာပြီး ဈေးနှုန်းမှာလည်းအနည်းငယ်လျော့နည်းလာပါသည်။ ထို့ကြောင့် ယခုအချိန်တွင် မရမ်းသီးဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ ပေါ်ခါစတွင် စားသုံးမှုအနည်းငယ်ရှိသော်လည်း ယခုအချိန်တွင် မရမ်းသီးများ လှိုင်လှိုင်ထွက်ပေါ်လာသောကြောင့် စားသုံးသူများပြားလာကြောင်း သိရပါသည်။ ယခင်နှစ်တွင် မရမ်းသီးဈေးမှာ လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ဆယ်သားလျှင် ၅၀၀ကျပ်နှုန်းဖြင့်ရောင်းချကြောင်းသိရပါသည်။ မရမ်းသီးများကို ပြည်မြို့အနီး ရှိကျေးရွာများနှင့် ရွှေတောင်မြို့နယ်အတွင်းကျေးရွာများမှထွက်ရှိသော မရမ်းသီးများကို အောင်လံ၊ မကွေး၊ ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)