Main menu

ပန်းဂေါ်ဖီစိမ်းစျေးကွက်

Powered by Drupal

            မန္တလေးကုန်စိမ်းစျေးကွက်သို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ကုန်စိမ်းသီးနှံ မျိုးစုံအများအပြား  အဝင်များခြင်းကြောင့် စျေးနှုန်းများကျဆင်းလျက်ရှိရာ ပန်းဂေါ်ဖီစိမ်း စျေးမှာ   ဇန်နဝါရီလစျေးနှိုင်းယှဉ်ပါက  စျေးကွာခြားမှုရှိကြောင်း သိရှိရပါတယ်။ မန္တလေးဒေသပတ်ဝန်းကျင် ဖြစ်သည့်အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်ဒေသများနှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသ များမှ ထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်မှုများ ကြောင်း တွေ့ရှိရပါတယ်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီ ပွင့်စိမ်းမှာ အရောင်း သွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှု ပိုသည့်အတွက် စျေးပိုရကြောင်း သိရှိရပါတယ်။ ပန်းဂေါ်ဖီစိမ်းသည် ကယ်လ်လိုရီနည်းသည့် ဟင်းသီးဟင်းရွက် အမယ်တစ်မျိုး ဖြစ်ပြီး၊ အမျှင်ဓါတ်၊သတ္တုဓါတ်နှင့်ဗီတာမင်များနှင့် Antioxidants များကြွယ်ဝခြင်း တို့ကြောင့် ကျန်းမာရေးအတွက်အကျိုးပြုသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ပန်းဂေါ်ဖီပွင့်စိမ်းမှာ မန္တလေးကုန်စိမ်း စျေးကွက်အတွင်း ဇန်နဝါရီလတွင် လက္ကားစျေး တစ်ခုလျှင် ၁၅၀ဝိ/-နှင့် ၁၆၀ဝိ/-စျေး၊လက်လီစျေးတစ်ခုလျှင် ၁၇၀ဝိ/-နှင့် ၁၈၀ဝိ/-စျေးတို့ဖြင့် ရောင်းချခဲ့ပြီး၊ ဖေဖော်ဝါရီလဒုတိယ ပတ်အတွင်း ပန်း‌ဂေါ်ဖီပွင့်စိမ်းလက္ကားစျေးမှာ တစ်ခုလျှင်  ၁၁၀ဝိ/-နှင့် ၁၂၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၃၀ဝိ/- နှင့် ၁၄၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိရာ ဝင်ရောက်မှုများသည့်အတွက် ‌စျေးအနည်း ငယ်ကျသွားကြောင်း သိရှိရပါတယ်။ ပန်းပွင့်စိမ်းများမှာ အရွယ်အစားအလိုက်စျေးအနည်းငယ် ကွာခြားမှုများရှိပြီး၊အရောင်းသွက်လျှက်ရှိသည့်ဟင်းသီးဟင်းရွက်အမယ်တစ်မျိုးဖြစ်ကြောင်း  သိရှိရ ပါတယ်။ မန္တလေးကုန်စိမ်းရောင်းချသည့်သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့် ပန်း ဂေါ်ဖီစိမ်း ကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Canter () ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။

DOCA(မန္တလေး)