Main menu

မန္တလေးပဲကြီးစျေးကွက်

Powered by Drupal

          ဖေဖော်ဝါရီလဒုတိယပတ်အတွင်း  မန္တလေးစျေးကွက်သို့ ပဲကြီးသီးနှံ(ပဲအစို)များ ဝင်ရောက်မှု များလျက်ရှိပြီး၊ပဲကြီးသီးနှံမှာ (အစို/အခြောက်)အရောင်းသွက်သည့် ပဲတစ်မျိုးဖြစ်ကြောင်း သိရ ပါတယ်။ပဲကြီးသီးနှံ(အစို)မှာစျေးကွက်အတွင်းဝင်ရောက်မှုများပြားသည့်အတွက် ဇန်နဝါရီလနောက် ဆုံးပတ်စျေးနှင့် ဖေဖော်ဝါရီလဒုတိယပတ်ပေါက်စျေးတို့ နှိုင်းယှဉ်ပါက စျေးအနည်းငယ်ကျသွား ကြောင်း သိရပါတယ်။ ပဲကြီးသီးနှံ(အစိုနှင့်အခြောက်)မှာ ပြည်တွင်းစားသုံးမှုများပြားသကဲ့သို့ ပြည်ပ တင်ပို့ရောင်းချသည့် စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံ မျိုးစုံစိုက်ပျိုးမှု များပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံ ခရိုင်တို့မှစိုက်ပျိုးထွက်ရှိသည့်ပဲကြီးသီးနှံများ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်မကွေးတိုင်းဒေသကြီးတို့မှ  ထွက်ရှိသည့်ပဲကြီးသီးနှံများလည်း အများအပြားဝင်ရောက်ကြောင်း သိရပါတယ်။ ပြည်တွင်း၌ ပဲကြီးသီးနှံစားသုံးမှုမှာ ပဲကြီးနှပ်၊ပဲကြီးဟင်းချို၊ ပဲကြီးကြော်၊ ပဲကြီး လှော်သရေစာအဖြစ်အမျိုးမျိုး စားသုံးလျှက်ရှိပြီး၊လက်ဖက်နှင့်တွဲဖက်၍ စားသုံးသည့်ပဲအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။မန္တလေးမြို့၊ ၄၁လမ်း၊ ကမ်းနားလမ်းစျေးနှင့် သီရိမာလာ(ပိုက်ကျုံးစျေး)ရှိ သီးနှံ ကုန်စိမ်းစျေးတို့တွင်  ပဲကြီးသီးနှံ(အစို)များကို (နို့ဆီဗူး ၁၁ဗူးပါ) အထုတ်များဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရပါတယ်။ ပဲကြီး(အစို)ပေါက်စျေးအနေဖြင့် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ် အတွင်း လက္ကားစျေး တစ်ထုတ်(နို့ဆီဗူး ၁၁ ဗူးပါ)လျှင် ၇၀၀ဝိ/- နှင့် ၇၅၀ဝိ/- စေျး၊ လက်လီ စျေးတစ်ဗူးလျှင် ၁၀၀ဝိ/- နှင့် ၁၁၀ဝိ/-စျေးတို့ဖြင့် အသီးသီးရောင်းချလျက်ရှိပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၂၇၅၀၀၀ ကျပ်နှင့် ၂၈၀၀၀၀ ကျပ်၊ပဲကြီး(လတ်) ၂၅၀၀၀၀ ကျပ်နှင့် ၂၆၀၀၀၀ ကျပ်၊ပဲကြီး(သေး)၂၂၀၀၀၀ ကျပ်နှင့် ၂၃၀၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ပဲကြီး(ကြီး) ၄၉၇၇ ကျပ်နှင့် ၅၀၆၈ ကျပ်၊ ပဲကြီး(လတ်) ၄၅၂၅ ကျပ်နှင့် ၄၇၀၆ကျပ်၊ပဲကြီး(သေး) ၃၉၈၂ကျပ်နှင့် ၄၁၆၃ ကျပ်ဖြစ်ပြီး၊ဇန်နဝါရီလနောက်ဆုံးပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက အနည်းငယ်စျေးကျသွားကြောင်း သိရပါတယ်။ပဲကြီးဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်းသိရပါတယ်။ ပြည်တွင်း၌ ပဲကြီးသီးနှံမှာ အစိုနှင့်အခြောက် အမျိုးစားနှစ်မျိုးလုံးစားသုံးမှုများပြားပြီး၊ အရောင်း သွက်သည့်အမယ်ဖြစ်ကြောင်း သိရပါတယ်။ပဲကြီးသီးနှံမှာ ပြည်တွင်း စားသုံးမှုပမာဏ များပြားခြင်းနှင့်ပြည်ပတင်ပို့သည့်စျေးကွက် လိုအပ်ချက်များသည့်စျေးကောင်းရ ပဲသီးနှံအမျိုးအစား အမယ်ဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)