
ပြည်တွင်းစားဆီစျေးကွက်တွင် အဓိကစားသုံးသောဆီများမှာ မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီနှင့်စားအုန်းဆီတို့ဖြစ်ပြီး၊နေကြာဆီမှာ ကျန်းမာရေးနှင့်ညီညွှတ်သည့် စားသုံးဆီ တစ်မျိုးဖြစ်ပါတယ်။နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေး ပါသကဲ့သို့ နေကြာစေ့များအား လှော်၍သရေစာအဖြစ်စားသုံး ကြောင်းသိရပါတယ်။ နေကြာသီးနှံ အား မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးပါတယ်။ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးသည့် မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာနှင့်ဆောင်းနေကြာအဖြစ် စိုက်ပျိုးလျက်ရှိပါတယ်။ နေကြာဆီသည် ကျန်းမာရေးအရ စားသင့်သည့်မပြည့်ဝဆီဖြစ်ပြီး၊ မှိုပါဝင်မှုမရှိခြင်း၊ အနံ့အရသာကောင်းမွန်ခြင်း၊ အကြော်ခံခြင်းတို့ကြောင့် စျေးကွက်ရရှိသည့် စားဆီတစ်မျိုးဖြစ်ပါတယ်။ နေကြာသီးနှံသည် ဗီတာမင်E ၊ ဖောလစ်အက်စစ်၊ ဆယ်လီနီယမ်၊ မဂ္ဂနီဆီယမ်စသော ကျန်းမာရေးအကျိုးပြု ဓာတ်များ ပါဝင်သည့်အတွက် အဆစ်ရောင်ရမ်းမှုကိုလျော့ကျစေခြင်း၊ ပန်းနာရင်ကျပ်ရောဂါနှင့် ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်းလျော့ချပေးနိုင်ကြောင်း သိရပါတယ်။နိုင်ငံတော်မှ ဆီထွက်သီးနှံဇုန်များ သတ်မှတ် ပြီး၊ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့်နေကြာသီးနှံတို့အား ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။မြေပဲ၊နှမ်းနှင့်နေကြာဆီထွက်သီးနှံများအား စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားအုန်းဆီတင်သွင်းမှုလျော့ချ တင်သွင်း နိုင်ရန်အတွက် နိုင်ငံတော်မှချေးငွေထုတ်ပေးခြင်းဖြင့် ဆီစက်များတိုးချဲ့ကြိတ်ခွဲနိုင်ရန် ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ နေကြာသီးနှံမှာ ပြည်တွင်းစားဆီလုပ်ငန်း နှင့် စားဆီကြိတ်ခွဲစက်လုပ်ငန်းတို့အတွက် အရေးပါသည့်သီးနှံဖြစ်ပြီး၊ နေကြာစေ့များအား လှော်၍ သရေစာအဖြစ် စားသုံးကြောင်းတွေ့ရပါတယ်။ ဒေသအသီးသီးမှ ထွက်ရှိသည့်ပဲ၊ပြောင်း၊ နှမ်းသီးနှံ မျိုးစုံ ဝင်ရောက်လျက်ရှိသည့် မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ဆီနေကြာသီးနှံ ပေါက်စျေးမှာ ၃တင်းဝင်(၂၇ ပိဿာပါ)တစ်အိတ် လျှင် ၁၅၅၀၀ဝိ/- နှင့် ၁၆၀၀၀ဝိ/-၊ နေကြာ ဖတ်တစ်ပိဿာလျှင် ၃၅၀ဝိ/-နှင့် ၃၆၀ဝိ/-တို့ ဖြစ်ပေါ်လျက်ရှိပြီး၊စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်းငယ် ပြောင်းလဲမှု ရှိနိုင်ကြောင်း သိရပါတယ်။ ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း နေကြာစားဆီ တစ်ပိဿာ လျှင်၁၄၀၀ဝိ/-နှင့်၁၄၅၀ဝိ/-စျေး၊ သရေစာအဖြစ်စားသုံးသည့်အစေ့ စားနေကြာစေ့လှော်တစ်ပြည် လျှင် ၁၀၀၀ဝိ/-နှင့်၁၃၀၀ဝိ/-စျေး၊ နေကြာစေ့လှော်အား အငန်အရသာ၊ အချိုအရသာ၊ အစိမ့်အရသာ စသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပြီး၊ ထုတ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် တွေ့ရှိရပါတယ်။ နေကြာသီးနှံမှာ ဆီနေကြာသီးနှံအတိုင်းရောင်းချခြင်း၊ နေကြာစားဆီအဖြစ် ကြိတ်ခွဲ၍ ရောင်းခြင်းနှင့်အစေ့အား လှော်၍ နေကြာစေ့လှော်သရေစာအဖြစ်စားသုံးမှုများပြားသည့်အတွက် ပြည်တွင်းစျေးကွက် လိုအပ် ချက်များ သည့်သီးနှံ အမယ်တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)