မြန်မာလူမျိုးတိုင်းရင်းသားအားလုံးနီးပါးသည် နေ့စဉ်စားသောက်မှုအနေဖြင့် ထမင်းကို အဓိထားအားပြုစားသုံးကြလေ့ရှိရာ ထမင်းစားသောက်ရာတွင် ငါးပိရည်၊ ငါးပိကြော်များနှင့် တွဲဖက်၍ အတို့အမြှုပ်များကို စားသောက်မှုမျာပြီး ထမင်းလည်းမြိန်စေပါသည်။ အတို့အမြှုပ် များတွင် ရာသီမရွေး ရရှိစားသောက်လို့ရသည့် သီးနှံများရှိသလို ရာသီချိန်မှပေါ်သည့်သီးနှံများလည်း ရှိရာ ရာသီချိန်မှ ပေါ်သည့်သီးနှံများသည် စားရခဲ၍ ဈေးကောင်းပေးဝယ်ယူရသော်လည်း တစ်ကြိမ်တစ်ခါအဖြစ်ဖြစ် မက်မောစွာ ဝယ်ယူစားသောက်ကြလေ့ရှိပါသည်။
ယခုကာလရာသီတွင် မရမ်းသီးနှင့်သရက်ကင်းများ ပေါ်ထွက်လျက်ရှိရာ မြင်းခြံမြို့ပေါ်ရှိ ဈေးများတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့် ရာသီပေါ် မရမ်းသီးနှင့် သရက်ကင်းသီးနှံများရောက်ရှိ ရောင်းချလျက်ရှိပါသည်။ မရမ်းသီးကိုအောက်ပိုင်းဒေသများဖြစ်သည့် ရန်ကုန်မြို့နှင့်တောင်ငူမြို့ များမှ သယ်ယူရောင်းချကြောင်းနှင့် သရက်ကင်းမှာ ဒေသတွင်းမှထွက်ရှိကြောင်း သိရသည်။ မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာအများစုသည် သရက်ပင်များကို အရိပ်ရရန်နှင့် အသီးစားရန်အတွက် မိမိတို့၏ နေအိမ်တွင်သော်လည်းကောင်း၊ ခြံများတွင်သော်လည်းကောင်း စီးပွားဖြစ်နှင့်တနိုင်တပိုင် စိုက်ပျိုးကြကြောင်း ၊ သရက်ကင်းနှင့်မရမ်းသီးမှာ ရာသီအချိန်မှသာ စားသုံးရသောကြောင့် ဈေးကောင်းပေး၍ဝယ်ရကြောင်း၊ ယခုပေါ်စအချိန်တွင် သရက်ကင်း တစ်ဆယ်ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ မရမ်းသီးဈေးနှုန်းမှာ တစ်ဆယ် ကျပ်သားလျှင် (၄၀၀၀) ကျပ်များဖြင့် ရောင်းချ လျက်ရှိရာ ဒေသခံများမှ ဝယ်ယူစားသောက်လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)