Main menu

ကန့်ဘလူမြို့ဒေသထွက် ခရမ်းကဆော့သီးဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခဆော့ပင် များကို စိုက်ပျိုးကြကြောင်း၊ ခရမ်းကဆော့သီးများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ခရမ်းကဆော့သီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ ခရမ်းကဆော့သီး(၁)ဘူးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊  ခဆော့သီးများကို ဒယ်အိုးထဲထည့် လှော်ပြီးသုပ်စားခြင်း၊ အစိမ်းလိုက်အခြမ်းလေးခြမ်းပြီး ချက်စားခြင်းများပြုလုပ်၍ စားသုံးကြ ကြောင်း၊ ယခုအခါ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များမှ အများဆုံး ဝယ်ယူကြသဖြင့် ခရမ်းကဆော့သီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)