Main menu

ကန့်ဘလူမြို့နယ်၌ ရာသီစာထောပတ်ပဲများ အရောင်းအဝယ်သွက်

Powered by Drupal

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မ ဈေးတွင်ရောင်းချကြောင်း ၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ထောပတ်ပဲစို(၁)ပြည်လျှင် ၅၅၀၀ ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၂)ဗူးလျှင် ၁၃၀၀ကျပ်နှင့် ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၇၀၀ကျပ် ဖြင့်ရောင်းချကြောင်း၊ ရာသီစာဖြစ်သည့်အတွက် ထောပတ်ပဲအစိုများ အရောင်းအဝယ်သွက်လျက် ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)