
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာယာဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံ ရောင်းချလျက် ရှိရာ ရာသီပေါ်အသီးအရွက်များဖြစ်သည့် တမာရွက်၊ ညောင်ရွက်၊ ထနောင်းဖူး၊ သမုန်းဖူး(သမုန်းပွင့်)၊ ကန့်လန့်ဖူး၊ မုန့်ညှင်းရွက်၊ နံနံပင်၊ ပဲကြီးအစို၊ ပန်းမုံလာပွင့်၊ မုံလာထုတ်၊ ခါကြက်ဥ၊ ခရမ်းသီး၊ သံပုရာသီး၊ နှင့် ခရမ်းချဉ်သီး စသည့်သီးနှံများ ရောင်းချလျက် ရှိကြောင်း သိရသည်။
တမာပင်သည် အပူပိုင်းအမြဲစိမ်းအပင်တစ်မျိုးဖြစ်ပြီး အညာဒေသများတွင် ပေါက်ရောက် သော အပင်ကြီးမျိုးဖြစ်သည်။ တမာရွက် အမျိုးအစား အမျိုးမျိုးရှိရာ ခြံစည်းရိုးတမာ၊ ရေတမာနှင့် စားတမာ ဟူ၍ ရှိသည့်အနက် စားတမာဖူး/တမာရွက်နုသည် လူတိုင်းနီးပါး ကြိုက်နှစ် သက်သော အရွက်တစ်မျိုးဖြစ်ပြီး ထမင်းမြိန်စေသော အရန်ဟင်းကြမ်းတစ်မျိုးအဖြစ် အသုံးပြုကြပါသည်။ တမာရွက်နုတွင် အမျှင်ဓာတ်၊ အဆီဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့် ဗီတာမင်ဓာတ်တို့ပါဝင်ပြီး အသင့်အတင့်စားသုံးပေးပါက ကျန်းမာရေးအတွက် အထူးကောင်းမွန် ပါသည်။
ယခင်နှစ်က တမာရွက်နု(၁၀)သားလျှင် (၈၀၀/၁၀၀၀)ကျပ်၊ ယခုနှစ်တွင်မူ (၁၀၀၀/၁၅၀၀)ကျပ်အထိ ရောင်းချရကြောင်းသိရသည်။ တမာရွက်နုများကို ပြုတ်၍ ခရမ်းချဉ်သီး ငါးပိချက်၊ ငံပြာရည်ချက်၊ ငါးပိရည်နှင့် ငါးခြောက်ချက်များ တို့ဖြင့် တွဲဖက်စားသုံးကြသည်။ တမာရွက်နုများသည် ပြာသိုလနှင့် တပိုတွဲလများတွင် ထွက်ရှိပြီး ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
DOCA(စစ်ကိုင်း)