Main menu

ဖူးစားပြောင်း(ခေါ်)သကြားပြောင်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ရိုးကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ ကြာပိုင်၊ နဂါးတွင်းကျေးရွာတို့မှ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်း နှင့် ရာသီပေါ်သီးနှံ စိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်း(ခေါ်)သကြားပြောင်းဖူးကို မိမိတို့အိမ်ခြံဝင်း အတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ ကိုင်းမြေနုများပေါ်တွင်လည်းကောင်း စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

ဖူးစားပြောင်း(ခေါ်သကြားပြောင်းသည် ရေလုံလောက်စွာရရှိပါက (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်များအနေဖြင့် မျိုးသွင်းအားစု၊ ပိုးသတ်ဆေး၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း (သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ သကြားပြောင်းစိုက်ပျိုးပြီး ရက်ပေါင်း (၈၀မှ (၉၀ရက်အတွင်း အသီးများကို စတင်ခူးဆွတ်နိုင်ပြီး သကြားပြောင်း မျိုးစေ့ တစ်ဗူးလျှင် အဖူး(၁၀၀၀)ခန့်ထွက်ရှိပြီး တစ်ပင်လျှင်(၃)ဖူးအထိ ဖူးကြောင်း ဖူးစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။

ယခုအချိန် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ဖူးစားပြောင်း(ခေါ်)သကြားပြောင်း ရောင်းချရသည့် ဈေးနှုန်းမှာ တစ်ဖူးလျှင် လက်ကားဈေးနှုန်း (၅၀၀ကျပ်ဖြင့်လည်းကောင်း၊ လက်လီဈေးနှုန်း (၆၀၀ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (သိန်းကျပ်ခန့်ရရှိကာ ဖူးစားပြောင်း (ခေါ်သကြားပြောင်းစိုက်တောင်သူများ ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဖူးစားပြောင်းစိုက်တောင်သူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)