
ရက်စွဲ၊ ၁၄.၂.၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ ရပ်ကွက်အစုံတွင် ဖွင့်လှစ်ရောင်းချကာ အသက်မွေးဝမ်းကျောင်းပြုပြီး မိမိတို့နေအိမ်များတွင် ကုန်စုံဆိုင် များ ဖွင့်လှစ်ရောင်းချသလို မြို့မဈေးအတွင်းမှာလည်း ရောင်းချလျက်ရှိပါသည်။ ထိုသို့ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရေဦးမြို့နယ် ဒေသထွက် ပေါက်ပေါက်ဆုပ်များ စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေသော ပေါက်ပေါက်ဆုပ်ဈေးနှုန်း အနေဖြင့် ပေါက်ပေါက်ဆုပ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ပေါက်ပေါက်ဆုပ်(၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ပေါက်ပေါက်ဆုပ်(၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်မျိုးစုံရောင်းချနေသာ ကုန်စုံ ဆိုင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)