Main menu

အွန်လိုင်းမှတစ်ဆင့် ကားလက်မှတ်ဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

Powered by Drupal

၁။      စစ်ကိုင်းတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် Facebook Page တွင် ရောင်းချနေသော ယာဉ်လိုင်းတစ်ခု၏ (မန္တလေး-မော်လမြိုင်) ကားလက်မှတ် နှစ်စောင်ကို ငွေကျပ် ၈၂,၀၀၀/- ဖြင့် ဖုန်းနံပါတ် ၀၉-၆၇၇၀၉၇၀၈၆ သို့ Kpay ဖြင့် ငွေ ပေးချေဝယ်ယူခဲ့ရာ ငွေပေးချေပြီးနောက် ဆက်သွယ်မရတော့သ ဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါ သည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများက Online မှ တစ်ဆင့်ရောင်းချနေသော ဖုန်းနံပါတ် ၀၉-၆၇၇၀၉၇၀၈၆ သို့ ဆက်သွယ်၍ ခရီးသွားအသွင်ဆောင်ပြီး လက်မှတ်ဖြတ်ခဲ့ရာ K pay မှ ငွေလွှဲပြီး Viber သို့ ဆက်သွယ်ရန် ပြောကြား နေချိန် တိုင်ကြားမှုကိစ္စရပ်အား  ပြောကြားရာ၌ ဖုန်းချသွားခဲ့ပြီး အခြားဖုန်းများဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း တိုင်ကြားသော လက်မှတ်ကိစ္စ ပြောသည်နှင့်ဖုန်းချသွားခဲ့ပါသည်။ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားခံရသည့်ယာဉ်လိုင်းဂိတ်မှူးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့ ကား ဂိတ်သည် facebook မှတစ်ဆင့် လက်မှတ်ရောင်းချခြင်းမရှိကြောင်း၊ ဂိတ်နာမည်အား အလွဲသုံးစား လုပ်၍ ရောင်းချနေခြင်းကိုလည်း သိရှိထား၍ မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားပါကြောင်း၊ ၎င်းတို့ ဂိတ်အမည်နှင့်ဖွင့်ထားသော အကောင့်မှလည်း လက်မှတ်များ လိမ်လည်ရောင်းချနေမှုကို အများပြည်သူများသိရှိရန် ရုပ်ရှင်သရုပ်ဆောင်များဖြင့် ဇာတ်လမ်းတိုရိုက်ကူးပြီး တင်ပြထားကြောင်း စုံစမ်းသိရှိရသည့်အတွက် တိုင်ကြားသူသို့ ဖုန်းဖြင့်ဆက်သွယ်၍ ရှင်းလင်းပြောကြားခဲ့ရာ တိုင်ကြားသူ မှ လိမ်လည်ခြင်းခံရသည်ကိုသိရှိရ၍ တိုင်ကြားမှုကို ပိတ်သိမ်းလိုကြောင်း ပြောကြားလာသဖြင့် ဌာနမှ တာဝန်ရှိသူက စားသုံးသူအနေဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် ဈေးဝယ်ခြင်းများ ဆောင်ရွက်ပါက ပစ္စည်းဝယ်ယူလိုသည့် online page ၏ ခိုင်မာမှု၊ like အရေအတွက်ရရှိထားမှု၊ လိပ်စာအတိအကျနှင့် ဖုန်းနံပါတ်များ ဖော်ပြထားခြင်းရှိ/မရှိတို့အား စစ်ဆေးခြင်း၊ အိမ်ရောက်ငွေချေစနစ်ဖြင့် ရောင်းချ သည့် ပစ္စည်းများကိုသာ ဦးစားပေးဝယ်ယူခြင်းနှင့် delivery မှတစ်ဆင့် ပစ္စည်းရောက်ရှိလာချိန်တွင် ပစ္စည်းအား ဖွင့်ဖောက်စစ်ဆေးအတည် ပြုပြီးမှသာလက်ခံခြင်း၊ အွန်လိုင်းမှတ်ပုံတင် ဆောင်ရွက် ထားမှု ရှိ/မရှိတို့ကိုစစ်ဆေးခြင်း စသည့်အချက်အလက်များအား စိစစ်ပြီးမှသာ ဝယ်ယူခြင်းပြုပါရန် တိုင်ကြားသူအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါ သည်။

DOCA(CICC)