
မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ဆေးဆိုင်တစ်ဆိုင်မှ Kremil’s (Refor mulated) Tablet ပန်းရောင်(၄)လုံး တစ်ကတ်ကို ငွေကျပ် ၁,၆၇၀/-ဖြင့် ဝယ်ယူခဲ့ ရသဖြင့် အခြားဆေးဆိုင်များထက် ဈေးနှုန်းမြင့်မားစွာ ရောင်းချ နေကြောင်း စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြား လာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနမှ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်ဆောင်ရွက်ခဲ့ရာ တိုင်ကြားခံရသည့်ဆေးဆိုင်နှင့် ၎င်းဆိုင်သို့ ရောင်းချခဲ့သည့် Wholesale ဆိုင်များအား ဆေးဈေးနှုန်းမြှင့်တင့်ရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရ သည့်အတွက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွား ရေးရာဝန်ကြီးတို့၏ လမ်းညွှန်ချက်အရ အရောင်းဆိုင် တာဝန်ရှိသူများအား သတိပေးခြင်းပြုလုပ်ခဲ့ပြီး နောင်တွင် ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ၃၀-၃-၂၀၂၀ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်(၂၁/ ၂၀၂၀) ပါ ကုန်စည်များအပေါ်တွင် တားမြစ်မိန့် ထုတ်ပြန်ချက်အရ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူခံရမည်ကို သိရှိပါကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ၊ အတွင်းရေးမှူးရှေ့မှောက်တွင် ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုင်ကြားသူထံသို့လည်း ဌာန၏ ဆောင်ရွက်မှုကို အကြောင်းကြားခဲ့ပြီး တိုင်ကြားမှုကို ဖြေရှင်း ဆောင်ရွက်ခဲ့ပါသည်။
DOCA(CICC)