Main menu

ရာသီပေါ်စာမရမ်းသီးအကြောင်း သိကောင်းစရာများ

Powered by Drupal

          ရာသီပေါ်သီးနှံ မရမ်းသီးကို ဟင်းလျာအမျိုးမျိုးပြုလုပ်၍ စားသုံးကြပြီး မရမ်းသီး ငါးပိထောင်း၊ မရမ်းသီးစိမ်း  ငါးပိချက်၊ မရမ်းသီးသုပ်နှင့် မရမ်းသီးခြောက်ကို ငါး၊ ဝက်သား တို့နဲ့လည်း တွဲဖက်၍ စားသုံးကြပါသည်။ မရမ်းသီးသည် အရသာကောင်းတာတင် မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း ကောင်းမွန်သော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။ မရမ်းသီးသည် ဗီတာမင် C ကြွယ်ဝစွာပါဝင် တာကြောင့် ကော်လဂျင်တစ်ရှူးတွေကို အာဟာရဖြည့်ပေးပြီး ဘီတာ ကယ်လ်ရိုတင်းပါဝင်တာကြောင့် အသားအရေကို ကြည်လင် ကျန်းမာစေတဲ့အပြင် အသား အရေစိုပြေစေရန်အတွက် ရေဓာတ်ဖြည့် အသီးတစ်မျိုး လည်းဖြစ်ပါတယ်။

          မရမ်းသီးမှာ ရေဓာတ်နဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာ စေသလို အူနံရံတွေကို အာဟာရစုပ်ယူမှုကောင်းစေတဲ့အတွက် ဝမ်းမှန်စေပြီး အစာခြေစနစ် တလျှောက်မှာ ဖြစ်နိုင်တဲ့ကင်စာဆဲလ်တွေကို မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးပါသည်။ ရာသီပေါ်စာ မရမ်းသီး ကို ပုသိမ်မြို့ ကမ်းနားဈေးတွင်ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် (၁၀) သား (၂၀၀၀/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)