
မအူပင်မြို့နယ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်များမှ ပဲအမျိုးမျိုးမှာယူ၍ ရောင်းချနေပြီး အခြေခံစားသောက်ကုန် မွန်းလိုက် လက်လီ/ လက်ကားအရောင်းဆိုင်တွင် ပဲမျိုးစုံ ရောင်းဝယ်လျက်ရှိသည်။ ရောင်းချနေသော ပဲမျိုးစုံများတွင် ပဲကြီး၊ ခေတ်သစ်ပဲ၊ ကုလားပဲဇံ ဘိုကိတ်အဖြူ၊ ဘိုကိတ်အနက်၊ ပဲအဖြူပြား၊ ပဲနီပြား၊ မြေပဲ၊ စတော်ပဲ၊ ပဲထောပတ် တို့ရောင်းချလျှက်ရှိသည်။
ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ တတိယပါတ် ပဲဈေးနှုန်းများမှာ ကုလားပဲဆံ ၁ပိဿာ ၆၅၀၀ကျပ် မြေပဲ ၁ပြည် ၉၅၀၀ကျပ်၊ စတော်ပဲ ၁ပြည် ၉၅၀၀ကျပ်၊ ပဲနီပြား ၁ပြည် ၈၀၀၀ကျပ်၊ ပဲဖြူပြား ၁ပြည် ၈၀၀၀ကျပ်၊ ဘိုကိတ်ဖြူ ၁ပြည် ၆၀၀၀ကျပ်၊ ဘိုကိတ်အနက် ၁ပြည် ၆၀၀၀ကျပ်၊ ပဲကြီး ၁ပြည် ၈၀၀၀ကျပ်၊ ခေတ်သစ်ပဲ ၁ပြည် ၉၅၀၀ကျပ်၊ ဖြင့်ရောင်းချလျှက်ရှိကြောင်း သိရသည်။
ယခင် ၂၀၂၄ခုနှစ် အောက်တိုဘာလ ကုလားပဲဈေး ၉၀၀ကျပ်၊ မြေပဲ ၂၅၀၀ကျပ်၊ ပဲနီပြား ၄၀၀၀ကျပ်၊ ပဲပြားအဖြူ ၅၀၀ကျပ်၊ ဘိုကိတ်အဖြူ ၅၀၀ကျပ်၊ ဘိုကိတ်အနက် ၁၉၀၀ ကျပ်၊ ကျဆင်းကြောင်း တွေ့ရှိရပြီး ပွင့်လင်းရာသီ ပဲပေါ်ချိန်ဖြစ်၍ ဈေးနှုန်းကျဆင်းခြင်း ဖြစ်ကြောင်းနှင့် ၂၄ပြည် ပဲတစ်အိတ်ကို ၂ရက်-၃ရက်အတွင်းရောင်းချရပြီး၊ ပဲအမျိုးမျိုးအရောင်းအဝယ် ဆိုင်မှ မိုးတွင်းတွင် ရောင်းအားကောင်းပြီး ယခုသီးနှံပေါ်ချိန်တွင် အရောင်းအနည်းငယ်ပါးကြောင်း သိရသည်။ ပဲများကို ၁ပတ်တစ်ခါ ပဲတစ်မျိုးကို ၅အိတ်နှုန်းဖြင့် ရန်ကုန် ဘုရင့်နောင်မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)