
မအူပင်ခရိုင်၊ မအူပင်မြိုနယ် သို့ အသုတ်၊ကျောင်းကုန်း၊ ရေကြည်ဘက်မှ စိုက်ပျိုးထွက်ရှိသော ဖရဲကျားသီး မအူပင်သို့ ဝင်ရောက်လျှက်ရှိပြီး မအူပင်မြို့၊ အခွန်လွတ်ဈေး ၃လမ်းထိပ် တွင် ဦးမွန်ဟန်း ဖရဲသီး ရောင်းဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဖရဲသီးဝယ်ယူရောင်းချမှု အနေဖြင့် ရေကြည်၊ အသုတ်၊ ကျောင်းကုန်းဘက်မှ ဖရဲကျားသီး စိုက်ပျိုးသူများရှိပြီး ယခင်က ပြည်ပသို့တင်ပို့ရောင်းချသူများဖြစ်ကြောင်း သိရသည်။ ယခုအနေဖြင့် ပြည်နယ် တိုင်းဒေသအတွင်းသို့ တင်ပို့ရောင်းချနေကြပြီး ဖရဲကျားသီးအနီကို အလုံးကြီး လက်ကားဈေး ၇၅၀၀ကျပ်၊ အလုံးလတ် ၆၅၀၀ကျပ်၊ အလုံးသေး ၆၀၀၀ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရသည်။ ဖရဲများကို ၁လအတွင်း ၂ကြိမ် မှာယူရောင်းချရပြီး ကားတစ်စီးတွင် ဖရဲသီးအလုံး ၅၀၀ခန့် ဝင်ဆံကြောင်းသိရသည်။ နွေရာသီရောက်ပါက ဖရဲကျားအနီသည် ပိုမိုရောင်းချရကြောင်း သိရသည်။
ဖရဲကျားအနီ ရောင်းချမှု ဈေးနှုန်းအနေဖြင့် အလုံးကြီး ၁လုံး ၁၀၀၀၀-၉၀၀၀ကျပ်၊ အလုံးလတ် ၁လုံး ၇၀၀၀-၈၀၀၀ကျပ်၊ အလုံးသေး ၁လုံး ၆၀၀၀ကျပ်ဖြင့် လက်လီရောင်းချကြောင်း ၎င်းထံမှ အခြားသော လက်လီရောင်းချသူများလည်း လာရောက်ဝယ်ယူကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)