Main menu

ဆောင်းထောပတ်ပဲ စိုက်ပျိုးထားရှိမှုနှင့် အာဟာရပြည့်ဝမှု

Powered by Drupal

             ထောပတ်ပဲသည် ခန္ဓာကိုယ်အတွက် အကျိုးပြုသော အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသော ပဲအမျိုးအစားဖြစ်သည်။ ပရိုတင်းဓာတ် များစွာပါဝင်သဖြင့် သက်သတ်လွတ်စားသူများအတွက် အထူးသင့်လျော်ကြောင်း၊ အမျှင်ဓာတ် ကြွယ်ဝသောကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း၊ ထောပတ်ပဲတွင်ပါဝင်သော ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်များသည် သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သောကြောင့် လူအများ အားပြုစားသုံး သင့်သော ပဲဖြစ်သည်။

             မြင်းခြံခရိုင်တွင် စိုက်ပျိုးရေးအတွက် အရေးပါသော  ဆည်ရေသောက်အသင့်အတင့် ရှိသဖြင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများသည် ဆည်ရေသောက်ဧရိယာများတွင် ရာသီမရွေး လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ မြင်းခြံခရိုင်တွင် ထောပတ်ပဲကို ရာသီချိန်အဖြစ် မိုးနှင့်ဆောင်းဟူ၍ နှစ်ရာသီစိုက်ပျိုးကြကြောင်းသိရှိရသည်။

             ၂၀၂၄-၂၀၂၅ ဆောင်းထောပတ်ပဲကို ခရိုင်ချုပ်အနေဖြင့် (၂၉၄၃)ဧကစိုက်ပျိုးထားရှိပြီး ယခင်နှစ်ထက် (၂၅)ဧကပိုမိုစိုက်ပျိုးထားကြောင်းသိရှိရသည်။ ခရိုင်အတွင်း စိုက်ပျိုးထားရှိမှုမှာ မြင်းခြံမြို့နယ်တွင်(၈၉၆)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၂၀၄၇)ဧကနှင့် တောင်သာမြို့နယ်တွင် ဆောင်းထောပတ်ပဲစိုက်ပျိုးထားမှု မရှိကြောင်း သိရှိရသည်။ ဆောင်းထောပတ်ပဲကို ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးလေ့ရှိပြီး မတ်လ၊ဧပြီလနှင့် မေလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း၊ မြင်းခြံခရိုင်အနေဖြင့် မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်း ထွက်ပေါ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)