
ရွက်ဟောင်းတွေကြွေကာကျ မြေခရသည့် ဂိံမာန်နွေဦးရာသီသို့ ရောက်ရှိလို့လာပါပြီ။ သစ်ပင်တိုင်း သစ်ပင်တိုင်းတွင် အရွက်နု၊ အသီးပွင့်တွေဝေဆာလို့နေပါပြီ။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသည် အပူပိုင်းဒေသဖြစ်ပြီး ရာသီဥတု(၃)မျိုးကို ပိုင်ဆိုင်ထားပါသည်။ လမ်းတလျှေက်တွင် ရဲရဲနီအောင် ပွင့်ဖူးနေသော လက်ပံပင်ကြီးတွေ၊ ဝါနီစွေ့စွေ့ပွင့်ဖူးနေသော ပေါက်ပန်းပင်ကြီးတွေ၊ ဖွေးဖွေးလှုပ်ဖူးပွင့်နေသော လဲမှို့ပင်ကြီးတွေ၊ အသီးအဖူးအပွင့်ဝေစီနေသည့် သရက်ပင်ကြီးတွေနှင့် ရွက်နုဝေနေသော တမာပင်၊ ထနောင်းပင်၊ ကုက္ကိုပင်ကြီးတွေသည် မြင်ရသူတို့ရင်ဝယ် နွမ်းလျလွမ်း မောဖွယ်ပန်းချီကားတစ်ချပ်သဖွယ် မြင်တွေ့နေရပြီဖြစ်ပါသည်။ အညာဒေသမှာသာတွေ့မြင်ရသော မြင်ကွင်းဖြစ်ပါသည်။ တမာပင်သည် အပူပိုင်းဒေသတွင်သာ ပေါက်ရောက်လေ့ရှိပြီး မိုးများလွန်း၊ အေးလွန်းသည့်ဒေသများတွင် ပေါက်ရောက်လေ့မရှိပါ။ ၎င်းအပင်များကို မှီဝဲ၍ လုပ်ကိုင်စားသောက် ကြသူများလည်း ရှိပါသည်။ အညာဒေသမှာသာရှိသည့် တမာပင်၏ ရွက်နုဖူးများကို ခူးယူ၍ ဆီးသီး၊ မန်ကျည်းသီးအနည်းငယ်ထည့်၍ ရေနွေးဖျောကာ ဈေးကွက်တွင်ကျယ်စွာ ရောင်းဝယ်လျှက်ရှိပါ သည်။ ဒီအချိန် ဒီရာသီမှာသာ ထွက်ပေါ်ပြီး ဒီရာသီမှာသာ စား၍ကောင်းသောကြောင့် ရာသီစာ တမာရွက်ဟုခေါ်ပါသည်။ မန္တလေးဈေးကွက်မှ မြန်မာနိုင်ငံအထက်ပိုင်းအောက်ပိုင်းဒေသများသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်အတွင်း၌ တမာရွက်အပြုတ်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် သွင်းရပြီး လက်လီပြန်လည်ရောင်းချသူများမှာ တစ်ဆယ်ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးဖြင့် ပြန်လည်ရောင်းချကြောင်း တမာရွက်ခူးယူရောင်းချသူတစ်ဦးထံမှ သိရှိရ သည်။
DOCA(မန္တလေး)