Main menu

မြက်တံမြက်စည်းဈေးကွက်

Powered by Drupal

မြက်တံမြက်စည်းလုပ်သော မြက်ပင်သည်တောင်ပေါ်ဒေသများတွင် အစုလိုက်အပြုံလိုက် ပေါက်တက်သော မြက်ပင်ဖြစ်သည်။ မန္တလေးတိုင်းအတွင်း၌ တောင်ပေါ်ဒေသများဖြစ်ကြသော မိုးကုတ်၊ ပြင်ဦးလွင်နှင့် တောင်ပေါ်ဒေသများတွင် အများဆုံးပေါက်ရောက်ပါသည်။ တောင်ကျ ချောင်းဘေးများ တောင်စောင်းများတွင် ပေါက်ရောက်ရှင်သန်ဖြစ်ထွန်းပါသည်။ အုန်းဆံဖြင့် ပြုလုပ်သော တံမြက်စည်းကို တံမြက်စည်းကြမ်းဟုခေါ်ပြီး မြက်နှင့်ပြုလုပ်သော တံမြက်စည်း တံမြက်စည်းနု ဟုခေါ်ကြသည်။ ခေတ်ကာလနှင့်အညီ ပလတ်စတစ်တံမြက်စည်းများလည်း ထွက်ပေါ်နေပြီး ရိုးရာသုံးနေကြ တံမြက်စည်းနုကို အိမ်တိုင်းနီးပါး ဆက်လက်သုံးစွဲနေစမြဲဖြစ် ပါသည်။ တောင်ကျချောင်းဘေးများတွင် ပေါက်ရောက်သော တံမြက်စည်းမြက်ပင်၏ အမြစ်သည် မြေသားကို ကုတ်ယူထားသောကြောင့် မြေဆီလွှာတိုက်စားမှုကို လျှော့ချနိုင်ပြီး တောင်ပြိုခြင်း မှလည်း ကာကွယ်ပေးနိုင်သည်ဟု ဒေသခံများ၏ အဆိုအရသိရှိရသည်။ ၎င်းမြက်ပင်များ၏ ပန်းခိုင်များကို ဒီဇင်ဘာ၊ ဇန်နဝါရီများတွင် ခူးယူကြပြီး တံမြက်စည်းလုပ်၍ ရောင်းချကြပါသည်။ ပန်းပွင့်နုလွန်းလျှင်လည်း မကောင်းသလို ရင့်လွန်းလျှင်လည်း တံမြက်စည်းလုပ်၍လည်း မခိုင် ကြောင်းသိရှိရသည်။ ၎င်းမြက်ပင်များသည် သဘာဝအလျှောက်ပေါက်ပင်များဖြစ်၍ မည်သူမဆို ခူးယူ၍ရပါသည်။ မြက်ပွင့်များကို အမျိုးသမီးများက ကောက်ယူ၍ တန်ဖိုးမြင့်ထုတ်ကုန် တံမြက် စည်းလုပ်၍ ဈေးကွက်အတွင်းရောင်းချရသောကြောင့် အိမ်ရှင်မများ မိသားစုအပိုဝင်ငွေရရှိစေပါ သည်။ မြက်တံမြက်စည်း(ခေါ်) တံမြက်စည်းနုတစ်ချောင်းလျှင် အကြီး(၅၀၀၀)ကျပ်၊ အလက်(၄၀၀၀) ကျပ်၊ အသေး(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)