Main menu

ကန့်ဘလူခရိုင်၌ ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီး ပင်များစိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူဦးဝင်းအောင်၏ ပြောပြချက်အရသိရသည်။

          ခရမ်းသီပင်ကို စတင်စိုက်ပျိုးမည်ဆိုလျှင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလ တွင် စတင်စိုက်ပျိုးရသည်။ မြေတစ်ဧကပေါ်တွင် အပင်(၇၀၀)စိုက်ပျိုးထားကြောင်း၊ တစ်ဧကစိုက် လျှင်ထယ်ထိုး၊ ထွန်မွှေ၊ မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် အလုပ်သမားခအပါအဝင် စုစုပေါင်း ငွေကျပ်သုံးသိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ခရမ်းပင်ကို ရေပေးခြင်း၊ အချိန်မှန်ပေါင်းရှင်းပေးခြင်း၊ ပိုးသတ်ဆေးဖျန်းပေးခြင်းတို့ ပြုလုပ်ပေးရကြောင်း၊ ခရမ်းမျိုးမှာ အရှည်မျိုး ဆင်စွယ်ခရမ်းနှင့် အလုံးမျိုး ထောပတ်ခရမ်းတို့ကို စိုက်ပျိုးကြောင်း သိရသည်။

ခရမ်းသီးပင်စိုက်ပျိုးပြီး သုံးလအကြာတွင် အသီးကို စတင်ခူးဆွတ်ရောင်းချရပြီး  တစ်ရက် ခြားတစ်ခါခူးဆွတ်ပါက ပိဿာချိန် ( ၆၀မှ၇၀)ခန့်ရရှိကြောင်း၊ ၊ လက်ရှိရောင်းချရသည့် ဈေးနှုန်းများ မှာ ခရမ်းသီးတစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ်(၁၀၀၀)နှုန်းနှင့် လက်လီဈေး(၁၁၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)