
ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ ဆင်ခရမ်းချဉ်သီးများ ဝင်ရောက်မှု နည်းပါးပြီး ဈေးကောင်းရလျှက်ရှိနေပါသည်။ မင်းတုန်း၊ ဥသျှစ်ပင်ဘက်မှ တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာအဝင်ရှိပြီး အလုံး ၃၀/၄၀ခန့်သာဝင်ရောက်မှုရှိနေပြီး ယခင်အချိန်တွင် အလုံးရေ ၁၀၀၀ခန့်ကို ရက်ခြားအဝင်ရှိခဲ့ပြီး ဈေးနှုန်းမှာလည်း တစ်လုံးလျှင်ကျပ် ၂၅၀ဝန်းကျင်ခန့် ရောင်းချမှုရှိခဲ့ကြောင်း သိရသဖြင့် ယခုကာလတွင် တစ်လုံးလျှင် အကြီး၊ အသေး ပေါ်မူတည်၍ ကျပ် ၄၀၀-၅၀၀နှုန်းဖြင့် အသီးသီးရောင်းချလျှက်ရှိကြောင်း သိရပါသည်။
ပြည်ဈေးကွက်၌ ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ဒန့်သလွန်သီးဈေးနှုန်းများ မြင့်တက် လျက်ရှိပြီး ဝင်ရောက်မှုမှာလည်း တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ အဝင်ရှိသဖြင့် မြင့်တက်ရခြင်း ဖြစ်ကြောင်း သိရပါသည်။ ပြည်မြို့အနောက်ဘက်ကမ်းရှိ ဆင်တဲရွာအနီးတဝိုက်မှသာ အဝင်ရှိပြီး အတောင့် ၅၀/၆၀ခန့်သာ အဝင်ရှိနေသည်။ ပေါ်ဦးပေါ်ဖျားရှားပါးချိန်ဖြစ်သည့်အတွက် အဝင်လည်း နည်းကာဈေးကောင်းရနေပြီး ယခင်နှစ်တစ်တောင့်လျှင် ကျပ် ၃၀၀နှုန်းရှိခဲ့၍ ယခုလတွင် အတောင့် အချော၊ အသေးပေါ်မူတည်ပြီး ကျပ် ၄၅၀-၅၀၀နှုန်းဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)