Main menu

ဒေသထွက်ရာသီစာ ပဲစိတ်တို ဈေးနှုန်းဈေးကွက်

Powered by Drupal

          နတ်တလင်းခရိုင်၊ နတ်တလင်းမြိုနယ်သည် စပါးနှင့် ပဲမျိုးစုံထွက်ရှိပြီး အခြားဟင်းသီးဟင်း ရွက်များကိုလည်း ရာသီအလိုက် စိုက်ပျိုးကြသည်။ ပဲစိတ်တိုပဲကို နတ်တလင်းမြို့နယ် ရှားဖြူကုန်း ၊ ကုန်းကြီး၊ အနောက်စု၊ ကျွန်းကလေး ကျေးရွာများတွင် စင်တင်၍လည်းကောင်း၊ တိုင်ထောင်၍ လည်းကောင်း စားသုံးရန်နှင့် ရောင်းချရန် တပိုင်တနိုင် စိုက်ပျိုးကြပါသည်။

          ပဲစိတ်တိုပဲကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးပြီး ဇန်နဝါရီလ နှင့် ဖေဖေါ်ရီလ တို့တွင်ခူးဆွတ်ရောင်းချကြပါသည်။ ပဲစိတ်တိုပဲကို အများအားဖြင့် အစိုခူးဆွတ်ရောင်းချပြီး အခြောက်ထားပြီး ရောင်းချမှုများလည်းရှိပါသည်။ ဈေးကွက်အတွင်း၌ ၂၀၂၅ခု ဇန်နဝါရီလ စတုတ္တပတ်တွင် ပဲစိတ်တိုပဲ  တစ်ပြည် (၁၂၀၀၀)ကျပ်၊ နို့ဆီဗူးတစ်လုံး (၁၅၀၀)ကျပ်နှုန်းရှိရာမှ ယခု ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် ပဲစိတ်တို လှိုင်စပြုလာပြီးဖြစ်သည့်အတွက် တစ်ပြည် (၁၀၀၀၀) ကျပ်၊ နိုဆီဗူး တစ်လုံး (၁၂၀၀)ကျပ်နှုန်းရှိသဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းသွား ကြောင်းသိရသည်။ ပဲစိတ်တိုသည် နူးအိချိုစိမ့်သောအရသာရှိပြီး ချက်ပြုတ်စားသောက်ရာတွင် လွယ်ကူသည့် သီးနှံဖြစ်သည့် ဈေးကွက်အတွင်း အရောင်းသွက်နေကြောင်းသိရသည်။

DOCA(ပဲခူး)