Main menu

ထားဝယ်မြို့သို့ ငါးဝင်ရောက် ရောင်းဝယ်မှုအခြေအနေ

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်ရှိ ပင်လယ်ကမ်းရိုးတန်းတလျှောက် ကမ်းခြေရွာ များဖြစ်သည့် မောင်းမကန်၊ သဘော့ဆိပ်၊ ပန်းတင်အင်း၊ တီဇစ်၊ စမ်းလှမ်း စသော ကျေးရွားများမှ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေငယ်များမှ ဖမ်းယူရရှိသော ငါး၊ ပုစွန်၊ ဂဏန်းများကို ထားဝယ်မြို့၊ ဘုမ္မော်တောင်ရပ်ကွက် (ကြက်စားပြင်ရပ် အနီး) ရှိ SOUTHERN DRAGONS MYANMAR CO.,LTD မှ ဖွင့်လှစ်ထားရှိသော အောင်တံခွန် ကိုယ်ပိုင်ငါးဈေးသို့ လာရောက်ရောင်းချကြပါသည်။

          အဆိုပါ အောင်တံခွန် ကိုယ်ပိုင်ငါးဈေးတွင် ငါးဒိုင် (၁၈)ဒိုင်ခန့်ရှိပြီး တစ်ရက်လျှင် ငါးဒိုင် (၁)ဒိုင်၌ ငါးမျိုးစုံ အနည်းဆုံး ပိဿာချိန် (၃၀၀)မှ (၁၀၀၀)ကြား ဝင်ရောက်ကာ ထားဝယ်မြို့  ကမ်းနားပျံကျဈေးအပါအဝင် ရပ်ကွက်ဈေးများ၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များရှိ ကျေးရွာ များသို့ ကားငယ်များ၊ ဆိုင်ကယ်များဖြင့်လက်လီ သွားရောက်ရောင်းချမည့်သူများ၊ တစ်ခါတစ်ရံ အခြားဒေသ များသို့ တင်ပို့မည့်သူများမှ လာရောက်ဝယ်ယူကြပါသည်။

          ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ငါး၊ပုစွန်သားပေါက်ပွားသည့် ငါးဖမ်း ရာသီပိတ်ချိန်များဖြစ်သော ဧပြီ၊မေနှင့်ဇွန်လများ၊ ရာသီဥတုဆိုးရွား၍ မုန်တိုင်းသတင်း ကြေငြာထား ချိန်များတွင် ငါးဝင်ရောက်မှုများနည်းပါးတတ်သည်မှလွဲ၍  နေ့စဉ် နံနက်(၀၃း၀၀) နာရီမှ နံနက်(၀၆း၃၀) နာရီအချိန်အတွင်း  အစည်ကားဆုံးလာရောက်ဝယ်ယူကြ‌ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)