Main menu

ထားဝယ်မြို့ရှိစျေးကွက်အတွင်းစက်သုံးဆီစျေးနှုန်း

Powered by Drupal

          ထားဝယ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှာ (၁၂)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီလက်လီစျေးနှုန်းများမှာ ယခုဖေဖော်ဝါရီလ တတိယပတ်အတွင်း ဒီဇယ်ရိုးရီုး တစ်လီတာ (၂၈၆၅) ကျပ်၊ ဒီဇယ်ပရီမီယမ် တစ်လီတာ (၃၅၀၀)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ (၃၂၉၅) ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာ (၃၃၅၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဖေဖော်ဝါရီလ ဒုတိယ ပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာကို(၂၈၇၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာကို (၃၅၀၅) ကျပ် ၊ ဓါတ်ဆီ 92 တစ်လီတာကို (၃၂၉၀) ကျပ်နှင့် 95 (၃၃၅၅) ကျပ်ရှိခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ်အတွင်းဖြစ်ပေါ်နေသော စျေးနှုန်းများကို နှိုင်းယှဉ်ပါက ဓါတ်ဆီ 92 ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန်စက်သုံးဆီဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်နေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)