
ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့နှစ်သက်စွာ စားသုံးသောသီးနှံဖြစ်ပြီး ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိူးတို့နှင့် မစိမ်းပါ။ သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံ၊ နှမ်းပြောင်းပုံ၊ ဂုန်လျှော်အဆွေးပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကို တွေ့ရတတ်ပေသည်။
ကောက်ရိုးမှိုသည် စတင်စိုက်ပျိုးပြီး(၇-၁၀)သားအရွယ်တွင် ဆန်ကွဲစေ့သဏ္ဌာန် မှိုသန္ဓေခဲလေးများကို စမြင်ရပြီးနောက်ထပ် (၃-၅)ရက်အတွင်း ခူးဆွတ်နိုင်သော မှိုငုံကြီးများ အဆင့်သို့ ရောက် ရှိပြီး(၃)ရက်ခန့်ဆက်တိုက် နှုတ်ယူရောင်းချနိုင်သည်။ ထားဝယ်ဈေးကွက်၌ ဖေဖော်ဝါရီလ တတိယ အပတ်၌ ကောက်ရိုးမှိုဈေးနှုန်း ကောင်းမွန်လျက်ရှိပြီး ၁ထုပ်လျှင် (၁၀၀၀-၁၅၀၀)ကျပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)