
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုး ကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လျက်ရှိပြီ ဥစားကြက် မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြခြင်းများရှိကြောင်းသိရသည်။
ဥစားကြက် မွေးမြူရာတွင် ဥစားကြက်မ အကောင်ရေ (၅၀၀၀)ခန့်ကို ထရံကာကြက်ခြံဆောက်၍ မွေးမြူလုပ်ကိုင်လျက်ရှိပြီး ဥ ဥနှုန်းမှာ နေ့စဉ်အလုံးရေ (၅၀၀၀) ရှိကြောင်း သိရှိရပါသည်။
ဥစားကြက် မွေးမြူရေးလုပ်ငန်း တွင်ကျယ်လာသလို ကြက်ဥအရောင်းအဝယ်ဈေးကွက်များလဲ ရောင်းအားအလွန်မြင့်တက်ကာ ယခင်နှစ်ကထက် ဈေးကောင်းများရရှိခဲ့ပြီး ကြက်ဥအကြီး တစ်လုံးလျှင် အမြင့်ဆုံးဈေး (၄၅၀/- မှ ၅၀၀/-)ထိ ရရှိခဲ့ပြီး ဥငယ်တစ်လုံးလျှင် (၃၅၀/-) မှ ၄၀၀/-)ထိ ဈေးရရှိခဲ့ကြောင်း ဥကြက်မွေးမြူရေးခြံရှင်ထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)