Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တံမြတ်စည်းဈေးကွက်

Powered by Drupal

             မြန်မာနိုင်ငံသည် သစ်တောထွက် သံယံဇာတများစွာထွက်ရှိသော နိုင်ငံဖြစ်သည်။ အဖိုးတန်သစ်အမျိုးမျိုး၊ ဝါးအမျိုးမျိုး၊ သစ်ခွများ ထွက်ရှိသကဲ့သို့ လူတို့၏ ပတ်ဝန်ကျင်သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေးအတွက် အသုံးပြုကြသော တံမြက်စည်းမှာလည်း မြန်မာ့သစ်တောများမှ ထွက်ရှိပါသည်။

          တံမြက်စည်းပင်များသည် တောင်ပေါ်ဒေသသစ်တောများတွင် နေရာကွက်ကြား အလေ့ကျ ပေါက်ရောက်ကာ ကျူပင်နှင့်တူပြီး အရွက်ရှည်၍ မြစ်ပွားပင်မျိုးဖြစ်သည်။ ၎င်းအပင်သည် မိုးရာသီတွင် အပင်ကြီးထွားပြီး ဆောင်းရာသီ၌ အပွင့်ခိုင်များ ပွင့်ကြသည်။ တံမြက်စည်းပင်များကို အပွင့်ခိုင်စုံချိန်ဖြစ်သော ဖေဖော်ဝါရီလမှ မတ်လအတွင်း ခုတ်ယူကြရသည်။

           အလေ့ကျပေါက်နေသော တံမြက်စည်းပင်များကို ကျေးလက်နေပြည်သူများမှ ရှာဖွေခုတ် ယူကြသကဲ့သို့ တောင်ယာပြန်ချိန်များတွင်လည်း တစ်ပိုင်တစ်နိုင် ခုတ်ယူသယ်ဆောင်လာကြသည်။ ခုတ်ယူရရှိလာသော တံမြက်စည်းပွင့်ခိုင်များကို တစ်ရက်၊ နှစ်ရက်ခန့် နေလှန်းပြီး ပွင့်ဖတ်၊ ပွင့်ခိုင်များကြွေကျအောင် ရိုက်ခါပြီး နှီးဖြင့် အစည်းက​လေးများစည်းကာ အဝယ်ဒိုင်သို့ သွားရောက်ရောင်းချကြသည်။ အချို့ သောသူများသည် တံမြက်စည်းမွှေးများကို တံမြက်စည်းအဖြစ် ကိုယ်တိုင်ယက်လုပ်ကာ ရောင်းချကြသည်။ တံမြက်စည်းတစ်ချောင်းလျှင်  (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိဈေးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)