Main menu

မင်းဘူးမြို့၏ စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

           မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီလက်ကားဈေးနှုန်းတို့ကို နေ့စဉ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          မင်းဘူးမြို့နယ်တွင် စက်သုံးဆီဆိုင်(၁၆)ဆိုင်ရှိပြီး ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ် ရောင်းချ လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ (92) (၁)လီတာလျှင် ဓါတ်ဆီ(92) (၁)လီတာလျှင် ကျပ်(၃၂၇၅)၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၂၈၅၅)၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ကျပ်(၃၄၉၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် ဓါတ်ဆီ(92) (၁)လီတာလျှင် ကျပ်(၃၃၁၀)၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၂၈၈၀)၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ကျပ်(၃၆၀၅)ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ဓါတ်ဆီ(92) ကျပ်(၃၅)၊ ဒီဇယ်(ရိုးရိုး) ကျပ်(၂၅)၊ ဒီဇယ် (ပရီမီယမ်) ကျပ်(၁၁၅)ဈေးနှုန်းလျော့ကျခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)