
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်ရှိ ဘိလပ်မြေဈေးကွက်တွင် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိကြောင်း ဘိလပ်မြေအရောင်းဆိုင်များမှ သိရသည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ဘိလပ်မြေဈေးနှုန်းများမှာ အပါချီအမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၂၆၀၀၀)၊ ကြံ့နှစ်ကောင်အမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၂၆၀၀၀)၊ အယ်လ်ဖာအမှတ်တံဆိပ်တစ်အိတ်လျှင် ကျပ်(၂၅၅၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်(ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)