Main menu

ဇလွန်မြို့၏ “OT ပွိုင့်” မရွေးလုပ်ငန်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာခရိုင်အတွင်းရှိ ဇလွန်မြို့နယ်တွင် အိမ်ပြန်လက်ဆောင်အဖြစ် မရွေး၊ ဂျင်းသုပ်၊ ယိုမျိုးစုံ၊ ပဲကြီးလှော်နှင့် ငှက်ပျော်ကြော်လုပ်ငန်းတို့ကို အိမ်တွင်းစီးပွားဖြစ် တစ်နိုင်တစ် ပိုင်လုပ်ကိုင်ကြပါသည်။ ဇလွန်မြို့နယ်၊ ဆပ်အိုင်ရွာ၊ လမိုင်းအုပ်စုရှိ ဦးနိုင်လင်းထွန်း ထုတ်လုပ်သော OT ပွိုင့် အမှတ်တံဆိပ်ဖြင့် ကြာဇံမရွေး၊ ပေါက်ပေါက်မရွေးနှင့် အကြော်စုံလုပ်ငန်းသို့ (၁၃.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာမှ  ကွင်းဆင်းလေ့လာခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

             “OT ပွိုင့်” မရွေးလုပ်ငန်းတွင် ကြာဇံမရွေး၊ ပေါ်ဆန်းမရွေးတို့ကိုသာ အဓိကထားထုတ်လုပ်ကြောင်း သိရှိရပါသည်။ မရွေးပြုလုပ်ရာတွင် ကုန်ကြမ်းပစ္စည်းဖြစ်သော ကြာဇံ၊ ပေါ်ဆန်းဆန်နှင့် ကောက်ညှင်းတို့ကို ရန်ကုန်မြို့မှ ဝယ်ယူကြောင်း၊ ကြာဇံ(၁၅)ပိဿာလျှင် ကုန်ကျစရိတ် ၄ သိန်းဝန်း ကျင်ရှိပြီး ၇၀၀ ကျပ်တန် အထုပ် (၆၀၀)ထွက်ရှိပါသည်။ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့် အလျောက် လုပ်သား (၃) ဦးဖြင့်သာ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။ ထုတ်လုပ်သော မရွေးများသည် အရသာရှိယုံသာမကဈေးနှုန်းချိုသာလှသည့်အတွက် ပြန်လည်ရောင်းချရန် ဖောက်သည် ယူသူများလည်း အများအပြားရှိပါသည်။ ပေါက်ပေါက်မရွေးထက် ကြာဇံမရွေးကိုသာ ပိုမိုရောင်းချရ သည့် အတွက် မှာယူမှု များသော ကြာဇံမရွေးကိုသာ အဓိကထား ထုတ်လုပ်လျက်ရှိပြီး နွေဦးရာသီဘုရားဖူးကာလများတွင်  ပိုမိုအရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

DOCA(ဇလွန်)