
ပန်းတနော်မြို့နယ်သို့ ညောင်တုန်းမြို့နယ်မှ စိုက်ပျိုးသော ပန်းဂေါ်ဖီများ တင်ပို့ ရောင်းချ နေကြောင်း ဟင်းသီးရွက်မျိုးစုံရောင်းချသူ ဒေါ်လှလှထံမှ သိရသည်။ တစ်နေ့ကို ပန်းတနော် မြို့နယ်အတွင်း အပွင့် ၈၀-၁၀၀နီးပါး ရာသီပေါ်ချိန်၌ ရောင်းချရကြောင်းနှင့် နှစ်စဉ် ပန်းဂေါ် ဖီကို ညောင်တုန်းစိုက်ပျိုးတောင်သူများထံမှ ချိတ်ဆက်ဝယ်ယူရောင်းချကြောင်း သိရသည်။
ရောင်းချမှုအနေဖြင့် ပန်းဂေါ်ဖီကို ညောင်တုန်းမြို့နယ်ဘက်မှ ၁ပွင့် ၇၀၀-၈၀၀ကျပ်ဖြင့် လက်ကားဝယ်ယူရပြီး ပန်းတနော်မြို့နယ်တွင် လက်လီဈေးအနေဖြင့် ပန်းဂေါ်ဖီ ၁ပွင့် ၁၀၀၀-၁၃၀၀ကျပ် ဖြင့် ပြန်လည်ရောင်းချရသည်။ ၁ပါတ်ကို အပွင့်ရေ ၅၀၀ နီးပါး ရောင်းချရပြီး ၁လကို ပန်းဂေါ်ဖီ အပွင့် ၁၅၀၀နီးပါး ရောင်းချရကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်မှ ပန်းတနော်မြို့နယ်သို့ ပန်းဂေါ်ဖီနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ သယ်ယူစရိတ် ၅၀၀၀၀-၆၀၀၀၀ကျပ် ကျကြောင်းနှင့် အပွင့် ၂၅၀ပါ တစ်ခြင်းကို ၂၅၀၀၀၀ကျပ် ရင်းနှီးကုန်ကျပြီး အပွင့် ၂၅၀ ရောင်းချရပါက ငွေကျပ် ၇၅၀၀၀/- အကျိုးအမြတ်ရရှိကြောင်း ယခုနှစ် ဈေးကောင်းရရှိ၍ အကျိုးအမြတ်ရနေကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)