Main menu

မန္တလေးမတ်ပဲစျေးကွက်

Powered by Drupal

   ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက် သည့်မတ်ပဲသီးနှံများ စတင်ဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် မတ်ပဲ သီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့အထိ  ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲသီးနှံစိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက်နှုန်း(၁၂.၆၅)တင်း နှင့်အထွက် (၁၃၂၇၀၉)တင်းဖြစ်ကြောင်း သိရပါတယ်။ မတ်ပဲကို ပြည်တွင်း၌ ပဲဟင်း၊ ပဲနှပ်၊ ပဲကြော်၊ ပဲပြုတ်၊မတ်ပဲနှင့်ပြုလုပ်သည့်မုန့်များအဖြစ် စားသုံးကြပြီး၊ အဟာရအနေဖြင့် ဗီတာမင်၊ပရိုတင်း၊သတ္ထုဓာတ်များပါဝင်ခြင်းကြောင့် ကျန်းမာရေးအတွက် အရေးပါသော ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ မတ်ပဲ ၃တင်းဝင်တစ်အိတ်လျှင်  ၂၆၀၀၀၀ ကျပ်နှင့် ၂၇၀၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ၄၃၃၃ ကျပ်နှင့် ၄၅၀၀ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။  ယခင်နှစ်ကာလတူ ပေါက်စျေးမှာ မတ်ပဲ ၃တင်းဝင်တစ်အိတ်လျှင် ၂၈၂၀၀၀ ကျပ်နှင့် ၂၈၅၀၀၀ ကျပ်၊တစ်ပိဿာ စျေးမှာ ၄၇၀၀ ကျပ်နှင့် ၄၇၅၀ ကျပ် ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စျေးနှင့်ယခင်နှစ်စျေးနှိုင်းယှဉ်ပါက မတ်ပဲတစ်ပိဿာလျှင် ၂၅၀ကျပ်ခန့်လျော့နည်းသွားကြောင်းသိရပါတယ်။ မတ်ပဲဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)